DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့ခံများ ငွေကြေးအဆမတန်ကုန်ကျခံပြီး စစ်ဘေးရှောင်နေရ
DVB
·
November 8, 2025
မိုးကုတ်မြို့ခံများ ငွေကြေးအဆမတန်ကုန်ကျခံပြီး စစ်ဘေးရှောင်နေရ
Donate to DVB

စစ်ကောင်စီနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား အပစ်အခတ်ရပ်စဲလိုက်ပြီး မန္တလေးတိုင်း၊ မိုးကုတ်မြို့ကနေ TNLA တပ်တွေ ဆုတ်ခွာမယ်လို့ ကြေညာချက်ထုတ်ပြီနောက် မြို့ခံအများစုဟာ ကားခအဆမတန်ပေးပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA တပ်တွေ မိုးကုတ်မြို့က ဆုတ်ခွားဖို့အတွက် စစ်ကောင်စီနဲ့ သဘောတူထားပေမဲ့ မြို့ကို အလွယ်တကူ စစ်တပ်လက်ထဲ အပါမခံဘဲ အစွမ်းကုန်ကာကွယ်သွားမယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစု အသီးသီးက ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် TNLA တပ်တွေဆုတ်ခွားပြီးနောက် မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်တွေ အလွယ်တကူ ဝင်ရောက်လာနိုင်ဦးမှာမဟုတ်ဘဲ တိုက်ပွဲတွေပြင်းထန်လာနိုင်တာကြောင့် ငွေကြေး အဆမတန် အကုန်ကျခံပြီး ဒေသခံအများစု ကြိုတင်စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကိုယ်ပိုင်ဆိုင်ကယ်နဲ့ တိမ်းရှောင်တဲ့သူတွေရှိသလို ခရီးသည်ကားနဲ့သွားမယ်ဆိုရင် ကားခ လူတယောက်ကို ကျပ်  ၈ သိန်းလောက် ကုန်တယ်လို့ ဒေသခံ‌တယောက်က DVB ကို ပြောပါတယ်။

“TNLA တွေ မြို့ကပြန်ဆုတ်မယ်လို့ ထုတ်ပြန်ပြီးကတည်းက မြို့ကထွက်နေတဲ့သူက နေ့တိုင်း ရှိနေတယ်။ အနည်းဆုံး ဆိုင်ကယ်အစီး ၂၀ လောက်က ပုံမှန်ထွက်နေကြတာ တွေ့ရတယ်။ ကားခတွေလည်း ၈ သိန်းလောက်ကို ဖြစ်ကုန်တာ။ ဒါတောင် ကားလက်မှတ်တွေကဖြတ်မရဘူး၊ အကုန်ပြည့်နေပြီ။ မြို့ခံတွေကတော့ စစ်ကောင်စီ မြို့ကို ပြန်ထိန်းချုပ်မှာကို စိုးရိမ်နေကြတယ်”

မိုးကုတ်မြို့ခံတွေဟာ မြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်အုပ်ချုပ်လာမှာကို မလိုလားကြောင်း ပြတဲ့အနေနဲ့ နိုဝင်ဘာ ၆ ရက်နေ့ညပိုင်းက အာဏာရှင်ဆန့်ကျင်တဲ့ သံပုံတီးသပိတ်ကို မြို့လုံးကျွတ် လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

TNLA တပ်တွေ မိုးကုတ်မြို့ကနေ နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ဆုတ်ခွာဖို့ ပြင်ဆင်ထားပေမဲ့ ဘယ်လိုပုံစံနဲ့ ဆုတ်ခွာမယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်တာမရှိသလို တော်လှန်ရေးအင်အားစုတွေကို အသိပေးတာမရှိဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013