DVB Logo
Home
အားကစား
လူမျိုးရေးခွဲခြားပြောဆိုခဲ့သည့် ပရက်စ်တန်တိုက်စစ်မှူးကို ၉ ပွဲပယ် ပြစ်ဒဏ်ချမှတ်
DVB
·
November 8, 2025
လူမျိုးရေးခွဲခြားပြောဆိုခဲ့သည့် ပရက်စ်တန်တိုက်စစ်မှူးကို ၉ ပွဲပယ် ပြစ်ဒဏ်ချမှတ်
Donate to DVB

ပြိုင်ဘက်ကစားသမားအပေါ် လူမျိုးရေးခွဲခြားပြောဆိုခဲ့တဲ့ ပရက်စ်တန်တိုက်စစ်မှူး အော့စ်မက်ဂျစ် ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က  ၉ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အသက် ၂၆ နှစ်ရှိ မွန်တီနီဂရိုးတိုက်စစ်မှူးဟာ  အခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ဘန်လေကွင်းလယ်တိုက်စစ်ကစားသမား ဟမ်နီဘယ်မက်ချ်ဘရီကို လူမျိုးရေးခွဲခြား ပြောဆိုခဲ့တာဖြစ်ပြီး အက်ဖ်အေက ၉ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။ 

တိုက်စစ်မှူး အော့စ်မက်ဂျစ်ဟာ ကစားသမားတယောက်အပေါ် မသင့်တော်တဲ့ အပြုအမူ၊ အပြောအဆို ဒါမှမဟုတ် စော်ကားတာ မလုပ်ဆောင်ရဘူးဆိုတဲ့ အက်ဖ်အေရဲ့စည်းမျဉ်း E3.1 ကို ချိုးဖောက်ခဲ့တာဖြစ်ပြီး အသားအရောင်နဲ့ လူမျိုးအပေါ် ပြင်းထန်တဲ့ ချိုးဖောက်မှု လုပ်ဆောင်ခဲ့တာ ကြောင့် ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ အက်ဖ်အေက ထုတ်ပြန်ပါတယ်။

ဘန်လေကစားသမားတွေဟာ ပရက်စ်တန်နဲ့ ဒုတိယအကျော့ပွဲစဉ်မှာ လူမျိုးရေးခွဲခြားပြောဆိုခဲ့တဲ့ တိုက်စစ်မှူး အော့စ်မက်ဂျစ်ကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒဏ်ငွေပေါင် ၂၁,၀၀၀ ဒဏ်ရိုက်ခံခဲ့ရတဲ့အပေါ် ပရက်စ်တန်အသင်းနဲ့ တိုက်စစ်မှူး အော့စ်မက်ဂျစ်ဘက်ကတော့ မျှတမှုမရှိကြောင်း တုံ့ပြန်ထားပြီး အယူခံဝင်သွားဖို့ ရှိပါတယ်။ 

Photo: Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013