DVB Logo
Home
နိုင်ငံတကာ
စပိန်တောင်ပိုင်း တောမီးကြောင့် လူ ၁၂ ဦး သေဆုံး
DVB
·
July 10, 2026
Photo: @PLAN_INFOCA VIA X
Photo: @PLAN_INFOCA VIA X
Donate to DVB

စပိန်တောင်ပိုင်း အယ်လ်မီးရီးယားမြို့မှာ တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၂ ယောက် သေဆုံးခဲ့ပြီး မီးသတ်သမား ၁၅၀ က မီးငြှိမ်းသတ်ဖို့ လုပ်ဆောင်နေကြတယ်လို့ အန်ဒါလူစီးယား အရေးပေါ်အေဂျင်စီက ဇူလိုင် ၁၀ ရက် မနက်အစောပိုင်းမှာ ပြောပါတယ်။

အန်ဒါလူစီးယား တောမီးငြှိမ်းသတ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ မီးသတ်ဝန်ထမ်းတွေဟာ လမ်းဘေးမှာ အပြင်းအထန် လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်နေကြတာကို တွေ့ရပါတယ်။

သမ္မတရုံး၊ ကျန်းမာရေးနဲ့ အရေးပေါ်ဆိုင်ရာဝန်ကြီး အန်တိုနီယိုဆန့်ဇ်က ဒီမီးကြောင့် ဒေသတွင်းမှာ လက်ရှိအချိန်အထိ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ရတယ်လို့ ပြောဆိုခဲ့ပြီး ဒီအခြေအနေကို "မကြုံစဘူး ကပ်ဘေးအသွင် ကြေကွဲစရာဖြစ်ရပ်" လို့လည်း ဖော်ပြခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ဒီတောမီးကြောင့် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အခုသီတင်းပတ် အစောပိုင်းက ပြင်သစ်တောင်ပိုင်းက ထိန်းမနိုင်သိမ်းမရ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် စပိန်နယ်စပ်အနီးရှိ မြို့ငယ်တွေနဲ့ ရွာငယ်ပေါင်း ၂ ဒါဇင်လောက်ရှိ လူပေါင်း ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီးနောက်မှာ ဒီတောမီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွားခဲ့တာပါ။

မေလနဲ့ ဇွန်လတွေတုန်းက ဥရောပအနောက်ပိုင်းတခွင်မှာ ကြုံတွေ့ခဲ့ရတဲ့ နွေဦးအစောပိုင်း အပူလှိုင်းဖြတ်မှုတွေကြောင့် မြေပြင်အမြောက်အမြား ခြောက်သွေ့သွားခဲ့ပြီး ဒါကပဲ ဒီနှစ်မှာ တောမီးလောင်ကျွမ်းဖို့ ပိုပြီးလွယ်ကူသွားစေခဲ့တာ ဖြစ်ပါတယ်။

ဥရောပတိုက်ဟာ ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် ၂ ဆကျော် ပိုမိုပူနွေးလာနေတာကြောင့် အပူလှိုင်းဖြတ်တဲ့ကာလတွေ ပိုမိုကြာရှည်လာဖို့ ရှိနေတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013