DVB Logo
Home
မြန်မာသတင်း
အရာတော် စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်များဝင်တိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး
DVB
·
November 7, 2025
အရာတော် စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်များဝင်တိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ အမှတ် ၂ ကျောင်းရှိ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၅ ရက်မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်တာမှာ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် ခဲယမ်းတွေသိမ်းဆည်းရရှိတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။

အရာတော်မြို့နယ် ပကဖတာဝန်ခံ ရဲဘော်သော်ကရဲ့ စီစဥ်မှုနဲ့ အရာတော်မြို့နယ် ပကဖ ရဲဘော် မိုက်တီး ဦးစီးတဲ့ အရာတော်မြို့နယ်ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ကျားသစ်နက် LDF ပူးပေါင်း အင်းအား ၃၀ ဦးတို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတယောက်က ”အမှတ် ၂ ကျောင်းဆိုတာ အရာတော်မြို့ရဲ့မြောက်ဘက်မှာရှိတာပါ။ သူတို့ဂိတ်ချပြီးတော့ တပ်စွဲ ထားတာ ကြာပါပြီဗျ။ တော်လှန်ရေးစလောက်ကတည်းကပေါ့နော်။ အင်အားကတော့ ၁၅ ဦးဝန်းကျင် လောက်ရှိတယ်။ တခါတလေ ရဲတွေလည်း ထိုင်တာတွေ့ရတယ်”လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး ၇.၆၂ ကျည် ၅၁၁ တောင့်၊ ၅.၅၆ ကျည် ၄၀၀ တောင့်၊ Icon ၄ လုံး၊ ငွေကျပ် ၂၉၄၆၀၀ ကျပ်၊ စစ်သုံးခ ရာတခု၊ ကျည်ကာဦးထုပ် တလုံး၊ စစ်သုံးလွယ်အိတ် ၄ လုံးနဲ့ ပစ္စည်းတချို့ကို သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

အရာတော် ပကဖ တာဝန်ရှိသူတယောက်က “တိုက်ခိုက်ပြီးနောက်တော့ မြို့ပေါ်မှာ အစစ်အဆေးတင်းကျပ်နေတယ်။ အဲဒီနယ်တဝိုက်က ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ လုပ်နေတယ်လို့ သိရတယ်။ ပြီးရင် လက်နက်ကြီး ၃ လုံးပစ်ခတ်တယ်။ တိုက်ပွဲအတွင်းမှာ ပြန်ပစ်တယ်ဗျ။ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုကတော့ ကျနော်တို့ အတည်ပြုလို မရသေးပါဘူး။ စခန်းအတွင်းကိုတော့ ကျနော်တို့ အောင်မြင်စွာဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပါတယ်။ အဲဒီဂိတ်က မြို့ အထွက်စစ်ဆေးရေးဂိတ်ဖြစ်တယ်။ ပြီးရင် ပြည်သူတွေကိုဖမ်းတယ်။ ငွေတောင်းတယ်။ ကျနော်တို့ကတော့ စခန်းကိုအလုံးစုံရှင်းလင်းပြီး ပြန်ထွက်လာခဲ့တာ သူတို့ပြန်ထိုင်တယ်ဆိုတဲ့သတင်းတော့ မကြားမိသေးဘူး”လို့ ပြောပါတယ်။

အဲဒီဂိတ်ကို တိုက်ခိုက်နိုင်ဖို့ စစ်ကူလာနိုင်တဲ့ စစ်ရေးအခြေခံလေ့ကျင့်ရေးတပ် ၁၀ နဲ့ အရာတော်အခြေစိုက် အမှတ် ၅၀၀၄ တင့်ကားတပ်ရင်းကနေ စစ်ကူမလာနိုင်အောင် ပကဖရဲဘော်တွေက ဖြတ်တောက်နိုင်ရေး တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013