
နျူကလီးယားလက်နက် စမ်းသပ်မှုများကို ပြန်လည်စတင်ဖို့ အဆိုပြုချက်တွေပေးဖို့ ရုရှားသမ္မတ ပူတင်က အမိန့်ပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ဟာ နျူကလီးယားနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေ ဆက်လုပ်မယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပြီးနောက် ပူတင်က သူ့ရဲ့ ထိပ်တန်းအရာရှိတွေကို အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ နျူကလီးယားစမ်းသပ်မှုတွေကို ရပ်တန့်မဲ့ လိုက်နာချက်ကို အမြဲတမ်း လိုက်နာခဲ့ကြောင်း၊ အမေရိကန် ဒါမှမဟုတ် အခြားနိုင်ငံတွေက နျူကလီးယားလက်နက် စမ်းသပ်မှုတွေ ပြုလုပ်မယ်ဆိုရင် ရုရှားကလည်း စမ်းသပ်မှုတွေ ပြုလုပ်ရမှာဖြစ်ကြောင်း ပူတင်က ပြောပါတယ်။
အမေရိကန်ကရဲ့ အခြေအနေကို ကာကွယ်ရေးဝန်ကြီးက ပူတင်ကို ပြောခဲ့တာဖြစ်ပြီး နျူကလီးယားလက်နက်နဲ့ ပတ်သက်ပြီး အပြည့်အစုံပြန်လည်စမ်းသပ်မှုတွေ စတင်ဖို့ အကြံပေးခဲ့တာ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဘီလိုဆော့ဗ်က ရုရှားရဲ့ အာတိတ်ဒေသမှာ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
ပူတင်က “သက်ဆိုင်ရာ အထူးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေကို ဖြစ်နိုင်တဲ့ အချက်အလက်တွေ အားလုံး စုစည်းဖို့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို ညွှန်ကြားချက်တွေ ပေးထားပါတယ်။ လုံခြုံရေးကောင်စီမှာ စစ်ဆေးမှုတွေခံယူပြီး နျူကလီးယားလက်နက်တွေ စမ်းသပ်ဖို့ ပြင်ဆင်မှုတွေကို စတင်နိုင်ဖို့ သဘောတူညီမှုအစီရင်ခံစာ ပြုလုပ်ခိုင်းထားပါတယ်” လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ နျူကလီးယားလက်နက် စမ်းသပ်မှုကို ၁၉၉၂ ခုနှစ်က နောက်ဆုံး ပြုလုပ်ခဲ့ဖူးပြီး ပြင်သစ်နဲ့ တရုတ်နိုင်ငံတို့က ၁၉၉၆ ခုနှစ်က နောက်ဆုံး ပြုလုပ်ခဲ့ပါတယ်။
ဆိုဗီယက်ယူနီယံကတော့ နျူကလီးယားစမ်းသပ်မှုတွေကို ၁၉၉၀ ပြည့်နှစ်မှာ နောက်ဆုံး ပြုလုပ်ခဲ့ဖူးပြီး ရုရှားနိုင်ငံက ဆိုဗီယက်ရဲ့ နျူကလီးယားလက်နက်တွေကို ဆက်ခံခဲ့တာဖြစ်ပြီး စမ်းသပ်မှုပြုလုပ်တာမျိုး မရှိဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters











