DVB Logo
Home
မြန်မာသတင်း
ဝက်လက်နှင့် ရွှေဘိုရှိ ကျေးရွာများကို စစ်တပ်က မီးရှို့၊ ရွာသားများကို ဖမ်းဆီး 
DVB
·
November 6, 2025
ဝက်လက်နှင့် ရွှေဘိုရှိ ကျေးရွာများကို စစ်တပ်က မီးရှို့၊ ရွာသားများကို ဖမ်းဆီး 
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ရွှေဘိုမြို့နယ်တွေထဲက ကျေးရွာတွေကို နိုဝင်ဘာ ၅ ရက် ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ရွှေဘိုနဲ့ ဝက်လက်မြို့နယ် ကျေးရွာတွေကို စစ်ကြောင်း ၄ ကြောင်းခွဲ ဝင်ရောက်မီးရှို့နေတာဖြစ်ပြီး အနည်းဆုံးရွာ ၈ ရွာဝန်းကျင်ကို မီးရှို့ဖျက်ဆီးခံထားရပါတယ်။

Wetlet Informational Network က တာဝန်ရှိသူတယောက်က “စစ်ကောင်စီတပ်တွေ ရမ်းပစ်တာ ဝက်လက်လှထွေရွာက ပြည်သူအမျိုးသား ၃ ဦးထိမှန်တာ ၁ ဦး သေဆုံးပြီးတော့ ၂ ဦးကတော့ ဆေးခန်းကို ရောက်နေတယ်လို့ သိရပါတယ်။ နောက်ပြီးတော့ မောင်ကထီးရွာမှာ မနက် ခင်း ၆ နာရီ လောက်က ဝင်တဲ့စစ်ကြောင်းက ပြည်သူခန့်မှန်း ၄၀ လောက် ဖမ်းဆီးထားတယ်။ သက်ကြီးပိုင်းတချို့ပဲ ပြန်လွတ်တယ်။ တချို့ကို ဖမ်းဆီးပြီး စစ်ကြောင်းထဲကို ခေါ်သွားတယ်”လို့ ပြောပါတယ်။

ဝက်လက်နယ်အနောက်ခြမ်းကထွက်တဲ့ စစ်ကြောင်းဟာ ဝက်လက်မြို့နယ်ထဲက တမာကုန်းရွာ၊ ရွာတော်ကုန်းရွာ၊ တံတားဦးရွာ၊ ထုံးဘိုရွာတွေကို မီးရှို့ခဲ့သလို ရွှေဘိုမြို့နယ်ထဲက ဇီးတော၊ တဂဏန်း၊ ဘုန်းဘွတ်၊ စိုင်နိုင်ကြီး၊ စိုင်နိုင်လေးနဲ့ ရွှေဘို-မန္တလေး လမ်းမကြီးက ကျေးရွာတွေလည်း မီးရှို့ခံရသလို တိုက်ပွဲတွေလည်းဖြစ်နေပါတယ်။

ရွှေဘိုမြို့ခံတယောက်က “စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာကော တိုက်ပွဲဖြစ်နေတာကောပဲ လမ်းတွေပိတ်နေတယ်။ ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်။ ဘုန်းဘွတ်ရွာကို မီးရှို့တယ်၊ စိုင်နိုင်လေးရွာနားက ထမင်းဆိုင်တဆိုင်ကိုလည်း မီးရှို့သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလို့ ဝက်လက်မြို့နယ် အနောက်ခြမ်းက ရွာသာကြီး၊ ထုံးဘို၊ တံတားဦး၊ တမာကုန်း၊ ရွာတော်ကုန်း၊ ဥတည်ကုန်း၊ အုပ်ဖိုကုန်း၊ ကျီးကန်၊ လှတော၊ လှည်းဦးကြီးကုန်း၊ နှမ်းကြီးကုန်း၊ ရွှေဒါး၊ ရင်းမတော၊ ကိုကို့စု စတဲ့ရွာတွေအပြင် ရွှေဘို-မန္တလေးလမ်းပေါ်က ရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013