DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်နှင့် နမ့်ဖတ်ကာတွင် မိုးအဆက်မပြတ်ရွာပြီး စပါးခင်းများ ပျက်စီး
DVB
·
November 5, 2025
ကွတ်ခိုင်နှင့် နမ့်ဖတ်ကာတွင် မိုးအဆက်မပြတ်ရွာပြီး စပါးခင်းများ ပျက်စီး
1 / 7
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာနဲ့ အနီးဝန်းကျင်က လယ်ကွင်းတွေမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စပါးခင်း အများအပြား ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ လယ်သမားတယောက်က “မိုးရွာလို့ စပါးတွေ နစ်မြုပ်ကုန်တာ နမ့်မောပါဘက်ပါ။ ကျနော်တို့လယ်လည်း ရေမြုပ်နေတယ်” လို့ ပြောပါတယ်။

နစ်မြုပ်သွားတဲ့ လယ်ဧကအားလုံးတော့ အတိအကျ မသိရသေးပေမဲ့ တချို့က ရေထဲ နစ်မြုပ်တာတင် မကဘူး၊ ရိတ်ထားပြီး ပုံဖို့ ပြင်ဆင်နေတုန်းမှာ မိုးရွာလာတော့ ကောက်လှိုင်းတွေ မျောပါကုန်တာလို့ သူက ပြောပါတယ်။

ကုန်းဘက်ပိုင်းက လယ်ကွင်းတွေကလည်း ရေထဲမျောပါတာတွေ မရှိပေမဲ့ မိုးဆက်တိုက်ရွာနေတော့ ကောက်လှိုင်းမှာပဲ အပင်တွေ ပြန်ပေါက်ကုန်ပြီလို့ သူက ပြောပါတယ်။

နောက်ထပ် လယ်သမားတယောက်ကလည်း “လယ်တွေ အကုန်ပျက်စီးကုန်ပြီ။ ရိတ်ထားတဲ့ စပါးတွေ အညှောက်ပေါက်ကုန်ပြီ။ လယ်ကွက်အများစု ရေမြုပ်သွားပြီ။ ကျနော်တို့ ပန်ကိုင် လယ်တောဘက်မှာ” လို့ ပြောပါတယ်။

နမ့်ဖတ်ကာဘက်နဲ့ တဆက်တည်းဖြစ်နေတဲ့ ပန်ကိုင်အပြင် မိုင်းယုလေးဘက် လယ်တောတွေမှာလည်း ကောက်လှိုင်းတွေ ရေမျောတာရှိသလို ရေနစ်မြုပ်ကုန်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

နမ့်ဖတ်ကာ နမ်မောပါဘက် လယ်ကွင်းတွေက စက်နဲ့ရိတ်တာမရှိဘဲ လယ်အားလုံး ဧက ၆၀၀ ခန့်ရှိပြီး ဒေသတခုလုံးက ချောင်းနဲ့နီးတဲ့ လယ်ကွက်တွေမှာ ပျက်စီးမှုများပြီး ကုန်းနားဘက် လယ်ကွင်းတွေမှာသာ အနည်းငယ်သက်သာရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မူဆယ်မြို့နယ်အတွင်းရှိ တီးမရွာဘက်မှာလည်း စပါးပုံတချို့ ထက်ဝက်ခန့်အထိ ရေနစ်မြုပ်နေတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဖတ်ကာဘက် လယ်ကွင်းတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခန့်က တခါဖြစ်ဖူးတယ်လို့ သိရှိရပေမဲ့ ခါတိုင်းနှစ်တွေက အခုလို ဆိုးဆိုးဝါးဝါး မဖြစ်ဖူးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013