
အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် (SOUTHCOM) ဟာ သူတို့ရဲ့ “Operation Southern Spear” လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးရဲ့ အစိတ်ပိုင်းအနေနဲ့ ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ခြမ်းက မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်း ပေါ်မှာရှိတဲ့ သင်္ဘော တစင်းကို ဧပြီ ၁၃ ရက်က တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း “မူးယစ်-အကြမ်းဖက်သမား” လို့ ယူဆရသူ ၂ ယောက် သေဆုံးသွားတယ်လို့ ထုတ်ပြန်ခဲ့ပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ စစ်တပ်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှု ဗီဒီယိုဖိုင်ကို SOUTHCOM ရဲ့ X စာမျက်နှာမှာ တင်ခဲ့ပြီး ဒါဟာ ၂ ရက်အတွင်း ဒုတိယမြောက် တင်ပေးလိုက်တဲ့ ဗီဒီယိုပါ။
ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေတုန်းကလည်း အလားတူ သင်္ဘောတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဗီဒီယိုတွေကို ထုတ်ပြန်ခဲ့ပါသေးတယ်။
Source: Reuters










