DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဝိုင်ဖိုင်အင်တာနက်လိုင်း အသုံးပြုရ အဆင်မပြေ
DVB
·
November 4, 2025
ရန်ကုန်တွင် ဝိုင်ဖိုင်အင်တာနက်လိုင်း အသုံးပြုရ အဆင်မပြေ
Donate to DVB

ရန်ကုန်မှာ နိုဝင်ဘာ ၁ ရက် ညနေပိုင်းကစပြီး ဝိုင်ဖိုင် (Wifi) အင်တာနက်လိုင်း သုံးရတာအဆင်မပြေတဲ့ ပြဿနာကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေက ပြောပါတယ်။

ဝိုင်ဖိုင် အများစုမှာ လိုင်းတက်တဲ့ မီးစိမ်းအချက်ပြပေမဲ့ သုံးမရဘဲ ဖြစ်နေသလို မိုဘိုင်းဒေတာမှာလည်း လိုင်းမငြိမ်တာမျိုးတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

လှိုင်မြို့နယ်က ဝိုင်ဖိုင်အင်တာနက်အသုံးပြုသူတယောက်က "ဒီနေ့မနက်အထိ ဝိုင်ဖိုင်က လိုင်းလုံးဝကို သုံးမရဘူး။ ဖုန်းဒေတာကျတော့ လိုင်းတက်လိုက်၊ ကျလိုက်နဲ့ ဆင်းမ်ကတ် ပြောင်းပြောင်းပြီး သုံးနေရတယ်"လို့ ပြောပါတယ်။

ဝိုင်ဖိုင်အများစုက အင်တာနက်သုံးမရတဲ့ပြဿနာ ကြုံတွေ့နေရသလို အဲဒီ ဝိုင်ဖိုင်တပ်ဆင်တဲ့ ကုမ္ပဏီတွေရဲ့  Hot Line ဖုန်းတွေမှာလည်း စက်ပိတ်ထားတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က အင်တာနက်အသုံးပြုသူတယောက်က "အိမ်မှာတပ်ထားတဲ့ Hi ဝိုင်ဖိုင်က သုံးမရလို့ ဖုန်းလှမ်းဆက်တာ စက်ပိတ်ထားတယ်။ ကိုယ်တယောက်တည်း ဖြစ်နေတယ် ထင်တာ၊ တခြားမြို့နယ်ကအသိတွေကို လှမ်းမေးတော့ သူတို့လည်း သုံးမရဘူးပြောတယ်"လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အင်တာနက်လိုင်း အသုံးပြုရတာ အဆင်မပြေတဲ့ ပြဿနာတွေ မကြာခဏဖြစ်နေသလို မြို့နယ်တချို့ကို အင်တာနက်လိုင်းပိတ်ထားတာတွေ ရှိနေပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ဖေ့ဘွတ်ခ်အပါအဝင် လူမူကွန်ရက်ပလက်ဖောင်းတချို့ကို တိုက်ရိုက်သုံးမရအောင် ထိန်းချုပ်တားဆီးထားတာတွေလည်း ရှိနေပါတယ်။

ဝိုင်ဖိုင်ကုမ္ပဏီ တချို့က အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ပင်မဆက်ကြောင်း Error ဖြစ်သွားတာကြောင့် အသုံးပြုမရသေးတာလို့ အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013