DVB Logo
Home
မြန်မာသတင်း
ကရင်နီ၌ သေလွန်သောသူများ၏ ဝိညာဥ်အတွက် ဆုတောင်းပေး
DVB
·
November 3, 2025
ကရင်နီ၌ သေလွန်သောသူများ၏ ဝိညာဥ်အတွက် ဆုတောင်းပေး
1 / 4
Donate to DVB

သေလွန်သောသူတွေရဲ့ ဝိညာဥ်တွေအတွက် ဆုတောင်းပေးမှုတွေကို နိုဝင်ဘာ ၂ ရက်နေ့မှာ ကရင်နီက သုသာန်တွေမှာ ပြုလုပ်ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။

မြေပြင်ရဲဘော်တယောက်က “ကက်သလစ်ခရစ်ယာန်တွေရဲ့ ထုံးတမ်းအရ နှစ်တိုင်းပဲ လုပ်တယ်။ သေလွန်သောသူတွေကို အောက်မေ့သတိရ ဆုတောင်းခြင်းပေါ့နော။ သင်္ချိုင်းမှာ သန့်ရှင်းရေး လုပ်တယ်၊ ဆုတောင်းပေးတယ်။ သူတို့ရဲ့အုတ်ဂူပေါ်မှာ မီးလိုက်ထွန်းပေးတာပေါ့။ သူတို့တွေ အလင်းရအောင်လို့” လို့ ပြောပါတယ်။

ဆုတောင်းပွဲကို မနက်ပိုင်းကနေစပြီး သင်္ချိုင်းမှာ အမှိုက်တွေ ရှင်းလင်းတာ၊ ဆုတောင်းမေတ္တာ ပို့သတာ၊ အောက်မေ့သတိရ သီချင်းသီဆိုတာ၊ အုတ်ဂူတွေပေါ် ဖယောင်းတိုင်ထွန်းပေးတာတွေ ပြုလုပ်ပြီး သေဆုံးသွားခဲ့ရတဲ့ မိသားစုဝင်၊ အဘိုးအဘွား၊ ရဲဘော်ရဲဘက်တွေအတွက် ဆုတောင်းပေးတာလို့ ဆိုပါတယ်။

သေလွန်သောသူတွေအတွက် သင်္ချိုင်းမှာ ဆုတောင်းပေးမှုကို ခရစ်ယာန် ကက်သလစ် ဘာသာဝင်တွေက နှစ်စဥ်နှစ်တိုင်း ဆုတောင်းပေးကြတယ်လို့ သိရပါတယ်။

ဆုတောင်းပေးမှုကို နီးစပ်ရာ သုသာန်တွေမှာ ပြုလုပ်ပေးကြပြီး ညနက်အထိ အတူရှိနေပေးသလို မနက်ပိုင်းမှ ပြန်ကြသူတွေလည်း ရှိကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013