DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်တွင် ပြင်းအား ၆ ဒသမ ၃ ငလျင်ကြောင့် လူ ၂၀ ထက်မနည်း သေဆုံး
DVB
·
November 3, 2025
အာဖဂန်နစ္စတန်တွင် ပြင်းအား ၆ ဒသမ ၃ ငလျင်ကြောင့် လူ ၂၀ ထက်မနည်း သေဆုံး
Donate to DVB

အာဖဂန်နစ္စတန် မြောက်ပိုင်းမှာ ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူအယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

အာဖဂန်နစ္စတန်ရဲ့ အကြီးဆုံးမြို့တမြို့ဖြစ်တဲ့ မာဇာအီရှရီအနီးမှာ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး လူရာနဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။

မာဇာအီရှရီမှာ လူ ၅ သိန်းဝန်းကျင်နေထိုင်ပြီး တနင်္ဂလာနေ့ မနက် ၁ နာရီမှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဘူမိလေ့လာရေးအဖွဲ့က ငလျင်ပြင်းအား ပမာဏက ၆ ဒသမ ၃ ရှိပြီး အနက် ၂၈ ကီလိုမီတာ ရှိတယ်လို့ ဖော်ပြပါတယ်။ ဒီငလျင်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ များမယ်လို့ ဖော်ပြပါတယ်။

ငလျင်ကြောင့် လက်ရှိအချိန်အထိ လူ ၂၀ ကျော် သေဆုံးခဲ့ပြီး လူ ၃၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ ဩဂုတ်လအကုန်ကလည်း ပြင်းအား ပမာဏ ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူအယောက် ၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အာဖဂန်နစ္စတန်ရဲ့ တောင်ထူထပ်တဲ့ အရှေ့ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးလက်ဒေသက အိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။

အာဖဂန်နစ္စတန်ဟာ အိန္ဒိယနဲ့ ဥရောပအာရှ ကျောက်လွှာထိစပ်နေတဲ့ နေရာမှာရှိပြီး ငလျင်လှုပ်ခတ်လေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013