DVB Logo
Home
မြန်မာသတင်း
Ooredoo Myanmar၊ Pepsi စက်ရုံတို့နှင့် အလုပ်သမားအချို့ ပြေလည်မှုရပြီး အမှုပြန်ရုပ်သိမ်း
DVB
·
November 3, 2025
Ooredoo Myanmar၊ Pepsi စက်ရုံတို့နှင့် အလုပ်သမားအချို့ ပြေလည်မှုရပြီး အမှုပြန်ရုပ်သိမ်း
Donate to DVB

Ooredoo Myanmar ကုမ္ပဏီ၊ Pepsi အချိုရည်စက်ရုံတို့နဲ့ အလုပ်သမားတွေအကြား အငြင်းပွားမှု နှစ်နဲ့ချီ တရားရင်ဆိုင်ခဲ့ရပြီး ပြေလည်သွားတာကြောင့် အမှုတွေကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ ကူညီပေးခဲ့တဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ပါတယ်။

Pepsi အချိုရည်စက်ရုံက ဝန်ထမ်းဖြစ်တဲ့ အကြီးတန်းအင်ဂျင်နီယာ ဦးသောင်းဟန်ကို နစ်နာကြေး အပြည့်မပေးဘဲ အလုပ်ထုတ်ခဲ့တဲ့အပေါ် ၂ နှစ်ကျော် တရားရင်ဆိုင်ခဲ့ရာမှာ နှစ်ဘက်ညှိနိူင်းသဘောညီချက်ရပြီး အမှုကို ရုပ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

အလုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့ အဆင့်ဆင့် ညှိနှိုင်းဖျန်ဖြေရေး ဆောင်ရွက်ခဲ့တာ မပြေလည်တဲ့အတွက် အလုပ်သမားက ၂၀၂၃ ဇွန်လမှာ မှော်ဘီခရိုင်တရားရုံးကနေ တရားစွဲဆိုခဲ့တာလို့ STUM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအမှုနဲ့ ပတ်သက်လို့ တရားရင်ဆိုင်ခဲ့ရတဲ့ကာလ ၂ နှစ်ကျော်နဲ့ ရုံးချိန်းပေါင်း ၆၆ ချိန်းအထိ ကြာမြင့်ခဲ့ကာ အောက်တိုဘာ ၂၁ ရက်က နှစ်ဘက် တရားရုံးပြင်ပ ညှိနိူင်းသဘောတူညီချက်ရပြီး အမှုပိတ်သိမ်းလိုက်တာလို့ STUM က ထုတ်ပြန်ထားပါတယ်။

အလားတူ Ooredoo Myanmar က FTTH ဌာနရဲ့ အကြီးတန်းမန်နေဂျာကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခဲ့တာကြောင့် နှစ်ဖက် အငြင်းပွားမှုဖြစ်ခဲ့ကာ မြို့နယ်အလုပ်သမားရုံးမှာ ဖြေရှင်းခဲ့ပြီး မပြေလည်တဲ့အတွက် ၂၀၂၄ သြဂုတ်လအတွင်း  ကမာရွတ်မြို့နယ်တရားရုံးကနေ အလုပ်သမားက တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။

အဲဒီတရားစွဲဆိုမှုအတွက် တရားရင်ဆိုင်ရတာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီး ရုံးချိန်း ၂၉ ချိန်းမြောက်မှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှိုင်းကာ ခြွင်းချက်မရှိ အမှုကို ရုပ်သိမ်းခဲ့တာလို့ STUM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလုပ်သမားတွေရဲ့ နစ်နာမှုအတွက် တရားရုံးကနေ ဆုံးဖြတ်ချက်အမိန့်ချဖို့ အချိန်ကြာမြင့်တဲ့အတွက် ထပ်ပြီး နစ်နာမှုဖြစ်စေသလို တရားရင်ဆိုင်ဖို့ တွန့်ဆုတ်ရတာမျိုးဖြစ်စေတယ်လို့ STUM တာဝန်ရှိသူက မှတ်ချက်ပြုထားပါတယ်။

“အလုပ်သမားက အလုပ်ပျက်အကိုင်ပျက်နဲ့ တရားရင်ဆိုင်ရတာဆိုတော့ အချိန်ကြာလေ ပိုနစ်နာလေပဲ။”

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေနဲ့ပတ်သက်လို့ အချိန်စွဲတာကြောင့် နှစ်ဖက် ထိခိုက်မှုတွေ ဖြစ်မဲ့အစား စောစီးစွာ ပြေလည်အောင် ညှိနိူင်းဖြေရှင်းဖို့ လိုတယ်လို့လည်း အလုပ်သမားအရေးလူပ်ရှားသူတွေက အကြံပြုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013