DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုကိစ္စ ပြန်ညှိနှိုင်းရန် ဂျပန်ဝန်ကြီးချုပ် ငြင်းဆို
DVB
·
November 2, 2025
အမေရိကန်နှင့် ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုကိစ္စ ပြန်ညှိနှိုင်းရန် ဂျပန်ဝန်ကြီးချုပ် ငြင်းဆို
Donate to DVB

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက အမေရိကန်နဲ့ သဘောတူညီချက်ရထားတဲ့ ဒေါ်လာ ၅၅၀ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ပြန်ညှိနှိုင်းဖို့ အစီအစဉ်မရှိဘူးလို့ နိုဝင်ဘာ ၁ ရက်မှာ ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် တာကာအိချိက “ဝန်ကြီးချုပ် ပြောင်းသွားရင်တောင် အစိုးရအချင်းချင်း သဘောတူညီချက်တွေကို မပြောင်းလဲသင့်ဘူးလို့ ကျမယုံကြည်ပါတယ်"လို့ အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ ထိပ်သီးအစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို  ပြောလိုက်ပါတယ်။

ကုန်သွယ်ရေးသဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်ရသေးလို့ တောင်ကိုရီးယားက အမေရိကန်နဲ့ လက်မှတ်ထိုးခဲ့တဲ့ ကုန်သွယ်ရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး  တာကာအိချိက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ 

မျှတမှုမရှိဘူးလို့ ထင်ရပြီး ဂျပန်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ အခြေအနေ တစုံတရာ ပေါ်ပေါက်လာခဲ့ရင် အမေရိကန်အစိုးရနဲ့ အခွန်ကိစ္စ ပြန်လည်ညှိနှိုင်းမှုကို ဆက်မဆွေးနွေးဘဲ နေမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့လက ဝန်ကြီးချုပ်မဖြစ်မီက ဆာနာအဲ တာကာအိချိက ပြောပါတယ်။

သဘောထားတင်းမာတဲ့ ရှေးရိုးစွဲ တာကာအိချိက ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး အမျိုးသမီးတွေအတွက် နိုင်ငံရေးဥပစာ အတားအဆီးကို ချိုးဖျက်နိုင်ခဲ့သလို နိုင်ငံကိုလည်း မှန်ကန်တဲ့လမ်းကြောင်းဆီ ဦးတည်စေခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဂျောင်ဂျူးမြို့မှာ တာကာအိချိက အာရှ-ပစိဖိတ်ဒေသတဝန်းက တခြားခေါင်းဆောင်တွေနဲ့အတူ နှစ်ပတ်လည်အစည်းအဝေးပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တရုတ်သမ္မတနဲ့ တွေ့ဆုံရာမှာ အပြုသဘောဆောင်ပြီး တည်ငြိမ်တဲ့ ဆက်ဆံရေးတခု တည်ဆောက်ဖို့ သဘောတူခဲ့တယ်လို့  တာကာအိချိက ပြောပါတယ်။

နှစ်နိုင်ငံဟာ အချင်းချင်းအတွက် ခြိမ်းခြောက်မှုတခု မဖြစ်သင့်ဘူးလို့ သမ္မတရှီက တာကာအိချိကို ပြောခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။

တာကာအိချိဟာ တောင်ကိုရီးယားခရီးစဉ်မတိုင်မီ တိုကျိုမြို့တော်မှာ ထရမ့်ပ်နဲ့ ပထမဆုံးအကြိမ် နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး ခေါင်းဆောင် ၂ ယောက်ဟာ  “ဂျပန်-အမေရိကန် မဟာမိတ်အဖွဲ့ရဲ့ သမိုင်းမှာ အခန်းသစ်တခု တည်ဆောက်ဖို့ မျှဝေထားတဲ့ ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်ခဲ့တယ်” လို့  တာကာအိချိက ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013