DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အင်တာနက်အသုံးပြုရ အဆင်မပြေဖြစ်နေ
DVB
·
November 2, 2025
ရန်ကုန်တွင် အင်တာနက်အသုံးပြုရ အဆင်မပြေဖြစ်နေ
Donate to DVB

ရန်ကုန်မြို့မှာ နိုဝင်ဘာ ၁ ရက် ညနေပိုင်းကစပြီး အင်တာနက်သုံးရတာ အဆင်မပြေတဲ့ပြဿနာ ကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေက ပြောပါတယ်။

Wifi အများစုမှာ လိုင်းတက်တဲ့ မီးစိမ်း အချက်ပြပေမဲ့ သုံးမရဘဲ ဖြစ်နေသလို မိုဘိုင်းဒေတာမှာလည်း လိုင်းမငြိမ်တာမျိုးတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

လှိုင်မြို့နယ်က Wifi နဲ့ အင်တာနက်အသုံးပြုသူတယောက်က “ဒီနေ့မနက်အထိ ဝိုင်ဖိုင်က လိုင်းလုံးဝကို သုံးမရဘူး။ ဖုန်းဒေတာကျတော့ လိုင်းတက်လိုက်၊ ကျလိုက်နဲ့ ဆင်းမ်ကတ် ချိန်းချိန်းပြီး သုံးနေရတယ်” လို့ ပြောပါတယ်။

Wifi အများစု အင်တာနက်သုံးမရတဲ့ပြဿနာ ကြုံတွေ့နေရသလို International Uplink ချို့ယွင်းတာကြောင့်လို့ Wifi တပ်ဆင်တဲ့ကုမ္ပဏီတွေက ဖေ့စ်ဘွတ်ခ်မှာ ကြေညာထားကြပြီး Hot Line ဖုန်းတွေလည်း စက်ပိတ်ထားတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ အင်တာနက်အသုံးပြုသူတယောက်က “အိမ်မှာ တပ်ထားတဲ့ Hi ဝိုင်ဖိုင်က သုံးမရလို့ ဖုန်းလှမ်းဆက်တာ စက်ပိတ်ထားတယ်။ ကိုယ်တယောက်တည်း ဖြစ်နေတယ် ထင်တာ၊ တခြားမြို့နယ်က အသိတွေကို လှမ်းမေးတော့ သူတို့လည်း သုံးမရဘူးပြောတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အင်တာနက်လိုင်း အသုံးပြုရတာ အဆင်မပြေတဲ့ ပြဿနာတွေ မကြာခဏဖြစ်နေသလို မြို့နယ်တချို့ကို အင်တာနက်လိုင်း ပိတ်ထားတာတွေ ရှိနေပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ဖေ့စ်ဘွတ်ခ်အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းတချို့ကို တိုက်ရိုက်သုံးမရအောင် ထိန်းချုပ်တားဆီးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013