DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါက်တာနန္ဒဝင်းကို ဆုနှင့်မထိုက်တန် ဟု ထုတ်ပြန်
DVB
·
November 2, 2025
၂၀၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါက်တာနန္ဒဝင်းကို ဆုနှင့်မထိုက်တန် ဟု ထုတ်ပြန်
Donate to DVB

၂၀၁၅ ခုနှစ်က ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံခဲ့ရတဲ့ ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်ဆုရှင် တယောက်အဖြစ် မထိုက်တန်ကြောင်းနဲ့ သူ့ရဲ့ ရပ်တည်လုပ်ဆောင်ချက်တွေအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ နိုဝင်ဘာ ၁ ရက်မှာ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါက်တာနန္ဒဝင်းဟာ ပြည်သူလူထုကို ဖိနှိပ်နေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ထောက်ခံအားပေး ရပ်တည်နေခဲ့ပြီး CDM ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ဝန်ထမ်းအဖြစ် ခန့်အပ်တာတွေမလုပ်ဖို့ စစ်အုပ်စုအလိုကျ သူ့ရဲ့ အခွင့်အာဏာသုံးတဲ့ ပြုမူဆောင်ရွက်တွေကြောင့် ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒတရပ်ဖြစ်တဲ့ ‘နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှု’ အရည်အချင်းကနေ သွေဖည်နေခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့ကြောင့် ဒေါက်တာနန္ဒဝင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက်စာမျက်နှာကနေ ဖယ်ရှားခဲ့တယ်လို့လည်း ပြည်သူ့ဂုဏ်ရည်အသင်းက ဆိုပါတယ်။

ပြီးတော့ ပြည်သူ့ဂုဏ်ရည်ဆုရှင်တယောက်အဖြစ် ထိုက်တန်မှုမရှိကြောင်းနဲ့ ‌ဒေါက်တာနန္ဒဝင်းရဲ့ စိတ်ထားနဲ့ ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၁၅ ခုနှစ်က တာဝန်ကျရာ အင်္ဂပူမြို့နယ်မှာ ဆင်းရဲနွမ်းပါးသူတွေကို ဆိုက်ကားနဲ့ ထမင်း၊ ဟင်းတွေ လှည့်လည်ရောင်းချပေးတဲ့ ‘တန်ဖိုးသင့်ညစာ’ အစီအစဉ်ကို တည်ထောင်သူအဖြစ် ဒေါက်တာနန္ဒဝင်းကို လူသိများခဲ့ကြသလို ပရဟိတနဲ့ လူမှုရေးအကျိုးပြုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်တဲ့ စေတနာဆရာဝန်တယောက်လို့လည်း လူသိများခဲ့ပြီးနောက် မြန်မာပြည်အကျိုး ထူးခြားဆောင်ရွက်သူအဖြစ် ပြည်သူ့ဂုဏ်ရည်အသင်းက ပြည်သူ့ဂုဏ်ရည်အထူးဆုကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေါက်တာနန္ဒဝင်းဟာ စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူးအဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013