
ကျူးဘားအစိုးရ ရှေ့နေချုပ်ရုံးဟာ စီးပွားရေးဝန်ကြီးဟောင်း အာလက်ဟန်းဒရိုး ဟီလ်နဲ့ တခြား ကြံရာပါတွေကို သူလျှိုလုပ်မှုကနေ လာဘ်ပေးလာဘ်ယူမှုအထိ ရာဇဝတ်မှုတွေနဲ့ အောက်တိုဘာ ၃၁ ရက်က စွပ်စွဲခဲ့ပြီး ဒါဟာ ဆယ်စုနှစ်တွေအတွင်း ကျူးဘားကို ထိခိုက်စေခဲ့တဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေထဲမှာ အကြီးမားဆုံး လူသိရှင်ကြား ထုတ်ဖော်လိုက်တဲ့ အမှုတခု ဖြစ်ပါတယ်။
ရှေ့နေချုပ်ရုံးဟာ ဒုတိယဝန်ကြီးချုပ်နဲ့ စီးပွားရေးနဲ့ စီမံကိန်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အာလက်ဟန်းဒရိုး မီဂွဲလ်ဟီလ်ဖှာနန်ဒက်ဇ်နဲ့ တခြားတရားခံတွေအပေါ် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြုလုပ်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို လုပ်ထုံးလုပ်နည်းနဲ့အညီ ကြီးကြပ်ခဲ့တယ်လို့ ဆိုပါတယ်။
တရားခံတွေကို သူလျှိုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် စာချုပ်ချုပ်ဆိုခြင်းကို ထိခိုက်စေတဲ့လုပ်ရပ်တွေ၊ အလွဲသုံးစားပြုမှု၊ လာဘ်ပေးလာဘ်ယူမှု၊ အများပြည်သူဆိုင်ရာ စာရွက်စာတမ်းလိမ်လည်မှု၊ အခွန်ရှောင်မှု၊ မလျော်သြဇာသုံး ရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှု၊ လျှို့ဝှက်စာရွက်စာတမ်း ကာကွယ်ရေးစည်းမျဉ်းချိုးဖောက်မှုနဲ့ တရားဝင်ထိန်းသိမ်းမှုအတွင်းရှိ စာရွက်စာတမ်းနဲ့ တခြားပစ္စည်းတွေ ခိုးယူပျက်စီးစေမှု တို့အတွက် တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။
အမှုအားလုံးမှာ တရားခံတွေကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့အညီ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း အောက်တိုဘာ ၃၁ ရက်မှာ သမ္မတနိုင်ငံ ရှေ့နေချုပ်ရုံးက လက်မှတ်ရေးထိုးခဲ့ပါတယ်။
ရှေ့နေချုပ်ရုံးဟာ ဆိုင်းငံ့ထားတဲ့ ရုံးတင်စစ်ဆေးမှုအတွက် ရက်စွဲကို မပေးခဲ့သလို စွဲချက်တွေရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုလည်း မပေးခဲ့ပါဘူး။
ကျန်ရှိနေတဲ့ တရားခံတွေရဲ့ နာမည်တွေကို ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမဲ့ စွပ်စွဲခံရသူတွေကို ကျူးဘားဥပဒေအရ တရားမျှတတဲ့ လုပ်ငန်းစဉ် ဖြစ်စေရမယ်လို့ ရှေ့နေချုပ်က သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတ မီဂဲလ်ဒီယက်ဇ်ကာနယ်လ်က စီးပွားရေးဝန်ကြီးဟောင်း ဟီလ်ကို ရာထူးကနေ ဖြုတ်ချခဲ့ပြီးနောက် တနှစ်ကျော်ကြာလောက် အများပြည်သူရှေ့မှောက်မှာ မတွေ့ခဲ့ရပါဘူး။
ဒီလှည့်ကွက်ဟာ ကျူးဘားရဲ့ အာဏာရကွန်မြူနစ်ပါတီက အမြင့်ဆုံးရာထူးတွေနဲ့ ပုံမန်အားဖြင့် လျှို့ဝှက်ထားတဲ့နိုင်ငံရေးကို လှုပ်ခါစေခဲ့ပါတယ်။
တချိန်က သမ္မတ ဒီယက်ဇ်ကာနယ်လ်ရဲ့ အနီးကပ် ယုံကြည်ရသူ တယောက် ဖြစ်ခဲ့တဲ့ အာလက်ဟန်းဒရိုဟီလ်ဟာ ၂၀၂၁ ခုနှစ်မှာ ကျူးဘားနိုင်ငံရဲ့အဓိက ငွေကြေးပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ခဲ့ပြီး ဒါကို ကျူးဘားစီးပွားရေးအတွက် ကပ်ဘေးတခုအဖြစ် အများအားဖြင့် ရှုမြင်ကြ ပါတယ်။
၁၉၅၉ ခုနှစ် တော်လှန်ရေးကာလက ဖီဒဲလ်ကက်စထရိုရဲ့ သူရဲကောင်းတယောက်ဖြစ်သူ ဗိုလ်ချုပ်ကြီး အာနယ်ဒိုအိုချိုအာကို မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနဲ့ သေနတ်နဲ့ ပစ်ခတ်သတ် ဖြတ်ခံခဲ့ရတဲ့ ၁၉၈၉ ခုနှစ်နောက်ပိုင်း ကတည်းက စီးပွားရေးဝန်ကြီးဟောင်းရဲ့ အမှုဟာ ကျူးဘား နိုင်ငံရေးကို လှုပ်ခါစေခဲ့တဲ့ အထင်ရှားဆုံး အရှုပ်တော်ပုံတွေထဲက တခုဖြစ်ပါတယ်။
Source:Reuters










