DVB Logo
Home
နိုင်ငံတကာ
‌ရေအောက်ဒရုန်းထုတ်လုပ်မည့်စက်ရုံ ဩစတြေးလျတွင် ဖွင့်လှစ်
DVB
·
October 31, 2025
‌ရေအောက်ဒရုန်းထုတ်လုပ်မည့်စက်ရုံ ဩစတြေးလျတွင် ဖွင့်လှစ်
Donate to DVB

အမေရိကန်ကာကွယ်ရေးကုမ္ပဏီ Anduril Industries ဟာ “Ghost Sharks” လို့ လူသိများတဲ့ ရေအောက်ဒရုန်းတွေကို ထုတ်လုပ်ဖို့နဲ့ သြစတြေးလျရေတပ်နဲ့ သြစတြေးလျဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ထောက်ပံ့ရေးစာချုပ်ကို ပေးအပ်ဖို့အတွက် အောက်တိုဘာ ၃၁ ရက်က ဆစ်ဒနီမှာ ထုတ်လုပ်ရေးစက်ရုံအသစ်တခုကို ဖွင့်လှစ်ခဲ့ပါတယ်။

သြစတြေးလျဟာ တော်ဝင်သြစတြေးလျရေတပ်ရဲ့ ရေယာဉ်အုပ်စုကို အားဖြည့်ဖို့အတွက် လာမယ့် ၅ နှစ်အတွင်း Ghost Shark သင်္ဘောအုပ်စုကို ပူးတွဲတည်ဆောက်ဖို့ Anduril ကို  စက်တင်ဘာလမှာ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဩစတြေးလျ ကာကွယ်ရေးစက်မှုဝန်ကြီး ပတ် ကွန်ရွိုင်းက ပြောကြားရာမှာ “Ghost Shark ဟာ ရေအောက်တိုက်ပွဲနယ်ပယ်မှာ ဩစတြေးလျကို အမှန်တကယ် အားသာချက်ပေးနိုင်မယ့် အမြင့်ဆုံး အကြီးစား အလိုအလျောက် လှည့်လည်သွားလာနိုင်တဲ့ ရေအောက်ယာဉ်တစင်း” လို့ ဆိုပါတယ်။

Ghost Shark ကို ဩစတြေးလျနိုင်ငံသားတွေက ဩစတြေးလျအတွက် ဒီဇိုင်းထုတ်ပြီး ဩစတြေးလျမှာ ထုတ်လုပ်တဲ့ ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံး အလိုအလျောက် ရေအောက်ယာဉ် ဖြစ်တယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။

ဒါကို ထုတ်လုပ်မှုစွမ်းရည်နဲ့ စကေးအတွက် အစကတည်းက ဒီဇိုင်းထုတ်ထားတာလို့လည်း ဆိုပါတယ်။

ဒရုန်းအများအပြားကို ဆစ်ဒနီမှာ ထုတ်လုပ်မှာဖြစ်ပြီး အဲဒီနောက် သြစတြေးလျအစိုးရရဲ့ ခွင့်ပြုချက်အပေါ် မူတည်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေကို တင်ပို့နိုင်မှာ ဖြစ်ပါတယ်။

စတုရန်းမီတာ ၇,၄၀၀ (စတုရန်းကိုက် ၈,၈၅၀) ကျယ်ဝန်းတဲ့ စက်ရုံဟာ ၂၀၂၆ ခုနှစ်မှာ အပြည့်အဝ ထုတ်လုပ်မှုကို မြှင့်တင်မှာဖြစ်ပြီး အလုပ်အကိုင် ၁၅၀ လောက် ဖန်တီးပေးနိုင်မယ်လို့ Anduril က ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013