DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် ၃ လအတွင်း အခွန်ငွေ ကျပ် ၂၇၁ သန်းကျော်နှင့် ထိုင်းဘတ် သန်း ၁၅၀ ကျော် ရရှိ
DVB
·
October 31, 2025
ကရင်နီတွင် ၃ လအတွင်း အခွန်ငွေ ကျပ် ၂၇၁ သန်းကျော်နှင့် ထိုင်းဘတ် သန်း ၁၅၀ ကျော် ရရှိ
Donate to DVB

ကရင်နီပြည်နယ်ကနေ တတိယ ၃ လတာကာလဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလအတွက် ရရှိတဲ့ အခွန်ငွေပမာဏာဟာ မြန်မာငွေ ကျပ် ၂၇၁ သန်းကျော်နဲ့ ထိုင်းဘတ် သန်း ၁၅၀ ကျော် ရရှိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ၂၀၂၅ ခုနှစ် တတိယ ၃ လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရရှိထားတဲ့ အခွန်ငွေတွေကို ကရင်နီပြည်က ပြည်ထဲရေးဌာနအတွက် ၂၁ ဒသမ ၀၀ ရာခိုင်နှုန်း၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနအတွက် ၂၅ ဒသမ ၂၀ ရာခိုင်နှုန်း၊ နဲ့ ဆောက်လုပ်ရေးဌာနအတွက် ၁၃ ဒသမ ၅၀ ရာခိုင်နှုန်း၊ ကျန်းမာရေး ၁၁ ဒသမ ၃၀ ရာခိုင်နှုန်း စသဖြင့် ဌာနဆိုင်ရာအသီးသီးအတွက် သုံးစွဲထားတဲ့ အခွန်ငွေတွေကို ဖော်ပြထားပါတယ်။

IEC အတွင်းရေးမှူး ၂ ဦးဗညားက “၁၅၀ သန်းက ကောက်ခံရရှိတဲ့ စုစုပေါင်းပမာဏ၊ အဲ့ပမာဏထဲက IEC က ၉ ရာခိုင်နှုန်းလောက်ပဲ ရရှိပါတယ်။ ရာခိုင်နှုန်းအလိုက် အခြားသော EAO နဲ့ PDF တွေကို ခွဲဝေပေးစေပါတယ်၊ တပ်ပေါင်းစုစစ်ဦးစီးအတွက် ရာခိုင်နှုန်း တခုလည်း ပေးထားတယ်။ အခက်အခဲကတော့ ငွေကြေးမလုံမလောက်မှုပေါ့နော်။ ဌာနတခုမှာဖြစ်စေ ဝန်ဆောင်မှုပေးတဲ့ နေရာမှာဖြစ်စေပေါ့နော်၊ မလုံမလောက်ဖြစ်ခြင်းကြောင့် လုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့ နေရာမှာ စိတ်ပါတိုင်း မသွားနိုင်ဘူးပေါ့နော်၊ အဲ့တာမျိုးကြုံတွေ့ရတယ်ပေါ့နော်။ နောက်ခက်ခဲမှုတခုကတော့ စစ်ရေး၊ နိုင်ငံရေး မငြိမ်တာပေါ့။ ဌာနတွေက လုပ်တဲ့ Activities တွေပေါ့၊ ပညာရေး ကျန်းမာရေးဝန်ဆောင်မှုလုပ်တဲ့ နေရာတွေက စစ်ကောင်စီနေရာယူလို့ ဝန်ဆောင်မှု မလုပ်လိုက်နိုင်တာတွေရှိတယ်” လို့ပြောပါတယ်။

ဌာနအသီးသီးအလိုက် ကျရာတာဝန်တွေကို ဆောင်ရွက်နေချိန် ငွေကြေးအခက်အခဲတွေကြောင့် လုပ်ငန်းဆောင်တာဆောင်ရွက်ရာမှာ အခက်အခဲတွေကြုံတွေ့နေရပေမဲ့ အခက်အခဲတွေကြားကနေ ဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

လက်ရှိ ကရင်နီပြည်နယ်အတွင်းက လွိုင်ကော်မြို့နယ်အရှေ့ခြမ်း၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ ကရင်နီ-ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်ဘက်တွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေပြီး စစ်မျက်နှာ ၅ ခုနဲ့ ရင်ဆိုင်နေရကြောင်း ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ဘက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013