DVB Logo
Home
နိုင်ငံတကာ
လန်ဒန်တွင် ဓားထိုးမှု ကျူးလွန်သည့် အာဖဂန်အမျိုးသားကို ဖမ်းဆီး
DVB
·
October 31, 2025
လန်ဒန်တွင် ဓားထိုးမှု ကျူးလွန်သည့် အာဖဂန်အမျိုးသားကို ဖမ်းဆီး
Donate to DVB

ဗြိတိန်နိုင်ငံ အနောက်လန်ဒန်ရှိ လူနေရပ်ကွက် လမ်းမပေါ်မှာ လူ ၃ ယောက် ဓားထိုးခံရကာ တယောက် သေဆုံးပြီးနောက် ဗြိတိန်ရဲတပ်ဖွဲ့ဟာ အသက် ၂၂ နှစ်အရွယ် အာဖဂန်အမျိုးသား တယောက်ကို လူသတ်မှု သံသယနဲ့ ဖမ်းဆီးခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၇ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုကြောင့် အသက် ၄၉ နှစ်ရှိ အမျိုးသား တယောက် သေဆုံးခဲ့ပြီး အသက် ၄၅ နှစ်ရှိ အမျိုးသားတယောက်ဟာ ဘဝအပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

သံသယရှိသူကို ဆက်လက်ထိန်းသိမ်းထားကြောင်းနဲ့ သတင်းအမှားတွေကို ကာကွယ်ဖို့ ကြိုးပမ်းမှုအနေနဲ့ သံသယရှိသူရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီအမျိုးသားဟာ ၂၀၂၀ ပြည့်နှစ်မှာ ကုန်ကားနဲ့ ဗြိတိန်ကို တရားမဝင် ရောက်ရှိလာခဲ့ပြီး ၂ နှစ်အကြာမှာ ခိုလှုံခွင့်နဲ့ နေထိုင်ခွင့်ရရှိခဲ့ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။

ဒါဟာ ထိတ်လန့်ဖွယ်ကောင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အကြမ်းဖက်မှု တခုပါလို့ ရဲမှူးကြီး ဂျီးလ် ဟောစ်ဖောလ်က  ပြောပါတယ်။

ဒီဖြစ်ရပ်နောက်ပိုင်း အွန်လိုင်းမှာ ထင်ကြေးပေးမှုတွေ အများကြီးရှိနေတာကို နားလည်ထားပြီး အချက်အလက်တွေအတွက် ရဲတပ်ဖွဲ့ကို အားကိုးဖို့ တောင်းဆိုကြောင်းလည်း သူက ဆိုပါတယ်။

ဒါဟာ မနှစ်က အနောက်မြောက်ပိုင်း ဆောက်သ်ပို့မြို့က မိန်းကလေးငယ် ၃ ယောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လူမှုမီဒီယာပေါ်က စွပ်စွဲချက်တွေကြောင့် နိုင်ငံတဝန်းမှာ အဓိကရုဏ်းတွေ ရက်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးနောက်မှာ မဟာဗျူဟာ အသစ်တခုလို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013