DVB Logo
Home
နိုင်ငံတကာ
ထွက်ပြေးနေသည့် ပြည်သူများ နေရပ်ပြန်လာရန် ဆူဒန် RSF ခေါင်းဆောင် ပြော
DVB
·
October 30, 2025
ထွက်ပြေးနေသည့် ပြည်သူများ နေရပ်ပြန်လာရန် ဆူဒန် RSF ခေါင်းဆောင် ပြော
Donate to DVB

ဆူဒန်နိုင်ငံ မြောက်ဒါဖာမြို့တော်ဖြစ်တဲ့ အယ်လ်ဖာရှီးရ် ကနေ ထွက်ပြေးသွားကြတဲ့ ပြည်သူတွေ နေရပ်ပြန်လာသင့်ပြီဖြစ်ကြောင်း ဟယ်မက်ဒီလို့ သိကြတဲ့ ဆူဒန်ရဲ့ အမြန်ထောက်ပံ့ရေး အရန်ကာကွယ်ရေးတပ်ဖွဲ့ (RSF) ရဲ့ ခေါင်းဆောင် မိုဟာမဒ် ဟမ်ဒန်က အောက်တိုဘာ ၂၉ ရက် မိန့်ခွန်းထဲမှာ ပြောကြားလိုက်ပြီး မြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက်လည်း တာဝန်ယူ ဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

မကြာသေးခင်က သူ့တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ မြို့အတွင်းမှာ ကျူးလွန်ခဲ့တဲ့ “ချိုးဖောက်မှုတွေ” ကို စုံစမ်းစစ်ဆေးရေးကော်မတီတရပ် ဖွဲ့စည်းမယ်လို့လည်း ကြေညာခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မတီဟာ လူတဦးတယောက်အပေါ် ပြစ်မှုကျူးလွန်ခြင်း သို့မဟုတ် စည်းကျော်ဘောင်ကျော် အပြုအမူ ပြုလုပ်တဲ့ ဘယ်စစ်သား/ဘယ်အရာရှိကိုမဆို တာဝန်ခံစေဖို့ စုံစမ်းစစ်ဆေးမှုကို ချက်ချင်းစတင်ရမှာဖြစ်ကြောင်းနဲ့ သူတို့ကို ချက်ချင်းဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှုရဲ့ ရလဒ်ကိုလည်း လူတိုင်းရဲ့ရှေ့မှောက်မှာ ချက်ချင်း ကြေညာရမယ်လို့ RSF အကြီးအကဲ ဟယ်မက်ဒီက ပြောပါတယ်။

ဆူဒန်စစ်တပ်ရဲ့ နောက်ဆုံးအရေးပါတဲ့ ခံတပ်မြို့ အယ်လ်ဖာရှီးရ်ဟာ အောက်တိုဘာ ၂၆ ရက်က RSF လက်အောက်ကို ကျရောက်ခဲ့ပြီးနောက် RSF တပ်ဖွဲ့ဝင်တွေဟာ မြို့ကနေ ထွက်ပြေးလာတဲ့ အမျိုးသားတွေကို ရိုက်နှက်တာ၊ သေနတ်နဲ့ပစ်ခတ်တာတွေ လုပ်ခဲ့ကြောင်း လွတ်မြောက်လာသူ တယောက်က အကူအညီပေးရေး အရာရှိတွေရဲ့ ထုတ်ပြန်ချက်တွေကို အတည်ပြု ပြောကြားချက်တွေ၊ ဂြိုဟ်တုပုံရိပ်တွေနဲ့ အတည်မပြုရသေးတဲ့ လူမှုမီဒီယာ ဗီဒီယိုတွေအရ သိရပါတယ်။

ဆူဒန်စစ်တပ်နဲ့ မဟာမိတ် တိုက်ခိုက်ရေးသမားတွေကို အနိုင်ယူခဲ့တဲ့ RSF တပ်ဖွဲ့ထဲမှာ အများစုက ဇာဂါးဝါးလူမျိုးစုက ဖြစ်ကြတာကြောင့် လူမျိုးရေးအရ လက်စားချေ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ခြေကို အကူအညီပေးရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက သတိပေးခဲ့ကြပါတယ်။

အယ်လ်ဖာရှီးရ်မြို့ရဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာကြတဲ့ ဆူဒန်လူမျိုးတွေဟာ တာဝီလာမြို့မှာ စုဝေး ရောက်ရှိနေခဲ့ကြပါတယ်။

တာဝီလာမှာ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ၈ သိန်းလောက်ရှိပြီး အများစုမှာ အယ်လ်ဖာရှီးနဲ့ အနီးနားရှိ ဇမ်ဇမ် ရွှေ့ပြောင်းစခန်းမှ ဖြစ်ကြပါတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ဟာ ပြီးခဲ့တဲ့အပတ်က အယ်လ်ဖာရှီး ကနေ တာဝီလာကို ရောက်ရှိလာသူတွေကို စစ်ဆေးကြည့်ရာမှာ ကလေး ၇၅ ရာခိုင်နှုန်းဟာ အချိန်တိုအတွင်းမှာ ဖြစ်လာတဲ့ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုတွေကို ခံစားနေကြရပြီး ၂၆ ရာခိုင်နှုန်းက အလွန်ပြင်းထန်တဲ့အဆင့်ထိ သက်ရောက်နေတဲ့ အာဟာရချို့တဲ့မှုတွေကို ခံစားနေရကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ရဲ့ ဆူဒန်နိုင်ငံ ညွှန်ကြားရေးမှူး မိုဟာမက်ဒ် ရေဖာ့ထ်ရဲ့ အဆိုအရ အောက်တိုဘာ ၂၆ ရက်နဲ့ အောက်တိုဘာ ၂၇ ရက်မှာ အယ်လ်ဖာရှီးကနေ လူ ၂၆,၀၀၀ ကျော် ထွက်ပြေးခဲ့ကြပေမဲ့လည်း လူ ၂,၀၀၀ အောက်သာ တာဝီလာကို ရောက်ရှိခဲ့လာတယ်လို့ ဆိုပါတယ်။

ဝိုင်းရံတိုက်ခိုက်မှု ပြီးဆုံးချိန်မှာတော့ အယ်လ်ဖာရှီးမြို့မှာ ခန့်မှန်းခြေ လူ ၂၅၀,၀၀၀ လောက် ကျန်နေခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013