DVB Logo
Home
နိုင်ငံတကာ
ဥရောပအရှေ့ခြမ်း၌ တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် လျှော့ချမည်
DVB
·
October 30, 2025
ဥရောပအရှေ့ခြမ်း၌ တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် လျှော့ချမည်
Donate to DVB

ရိုမေးနီးယားနိုင်ငံရှိ မီဟိုင်းလ် ကိုဂါနီချားနူ လေတပ်စခန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေ အပါအဝင် ဥရောပရဲ့ အရှေ့ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချမယ့် အမေရိကန်ရဲ့ အစီအစဉ်တွေကို ရိုမေးနီးယားနဲ့ NATO မဟာမိတ်တွေကို အသိပေး အကြောင်းကြားလာတယ်လို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်ရဲ့ ဦးစားပေးကိစ္စတွေမှာ အပြောင်းအလဲတွေကြောင့် ဒီဆုံးဖြတ်ချက်ကို မျှော်လင့်ထားပေမဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ လောက်က ရိုမေးနီးယားမှာ ဆက်လက် တပ်စွဲထားမယ်လို့ ဆိုပါတယ်။

ဘရပ်ဆဲလ်မှာ NATO ဝန်ကြီးများ အစည်းအဝေး လုပ်ခဲ့တုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က အမေရိကန်ပြည်ထောင်စုကတော့ အင်ဒို-ပစိဖိတ်ဒေသကို အာရုံပိုစိုက်ဦးမှာ ဖြစ်လို့ ဥရောပသားတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးကို ပိုမိုအာရုံစိုက်ကြဖို့နဲ့ သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက် ပိုမိုတာဝန်ယူဖို့ လိုအပ်လိမ့်မယ်လို့ ဝါရှင်တန်ရဲ့ ဥရောပမဟာမိတ်တွေကို အသိပေးခဲ့ကြောင်း ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီး ယိုနု(ထ်) မော့စ်တဲအာနူးက ပြောပါတယ်။

ဥရောပမှာက သူတို့ရဲ့စခန်းတွေကို အခိုင်အမာ ပြုလုပ်ထားပြီး ပိုမိုကောင်းမွန်စွာ လက်နက်တပ်ဆင်ဖို့ သဘောတူညီထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ NATO ကတော့ ချက်ချင်းမှတ်ချက်မပေးပါဘူး။

ရုရှားက ယူကရိန်းမှာ စစ်ပွဲဆက်လက်ဆင်နွှဲနေချိန် ဒေသတွင်း အမေရိကန်ရဲ့ ရှိနေမှုကို လျှော့ချနိုင်ခြေနဲ့ ပတ်သက်ပြီး NATO ရဲ့ အရှေ့ဘက်ခြမ်းမှာ စိုးရိမ်မှုတွေ ရှိနေပေမဲ့ ဝါရှင်တန်ဟာ ပိုလန်မှာ သူ့တပ်ဖွဲ့တွေ ရှိနေမှုကို တိုးမြှင့်နိုင်ကြောင်း ထရမ့်ပ်က စက်တင်ဘာလမှာ ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013