DVB Logo
Home
နိုင်ငံတကာ
အစ္စရေးဓားစာခံများ၏ ရုပ်အလောင်းကို ဥမင်လိုဏ်ခေါင်းအတွင်း ဟားမတ်စ် ရှာဖွေ
DVB
·
October 30, 2025
အစ္စရေးဓားစာခံများ၏ ရုပ်အလောင်းကို ဥမင်လိုဏ်ခေါင်းအတွင်း ဟားမတ်စ် ရှာဖွေ
Donate to DVB

ဟားမတ်စ်အဖွဲ့ဟာ အောက်တိုဘာ ၂၈ ရက်မှာ မြေအောက်ဥမင်လိုဏ်ခေါင်းတခုထဲကို တူးဆွနေခဲ့ကြပြီး ဒါဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က သူတို့ ဖမ်းဆီးထားပြီးနောက်မှာ သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အစ္စရေးဓားစာခံတွေရဲ့ အလောင်း ရုပ်ကြွင်းတွေကို ရှာဖွေနေကြတာလို့ ဆိုပါတယ်။

ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ခန်ယိုးနစ်စ်နဲ့ မြောက်ဘက်ရှိ နူဆေရတ် တို့မှာ ဘူဒိုဇာတွေ အလုပ်လုပ်နေကြပြီး အဲဒီအနီးအနားမှာ ဟားမတ်စ် မျက်နှာဖုံးစွပ် တိုက်ခိုက်ရေးသမားတွေကို တပ်ဖြန့် ချထားပါတယ်။

ဟားမတ်စ်တွေဟာ ပျောက်ဆုံးဓားစာခံတွေနဲ့ မသက်ဆိုင်တဲ့ လူရုပ်ကြွင်းတွေကို လွှဲပြောင်းလာတာကြောင့် ဒီလုပ်ရပ်ဟာ ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တာလို့ အစ္စရေးက ယူဆခဲ့ပြီး အဲဒီနောက်မှာ အစ္စရေးဟာ တုံ့ပြန်တော့မှာဖြစ်တယ်လို့ အင်္ဂါနေ့မှာပဲ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။

ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ညတွင်းချင်း လွှဲပြောင်း ပေးအပ်ခဲ့တဲ့ လူ့ရုပ်အလောင်း အကြွင်းအကျန်တွေဟာ စစ်ပွဲအစောပိုင်းကာလတုန်းက အစ္စရေးတပ်ဖွဲ့တွေ ပြန်ရရှိပြီးသား ဓားစာခံတယောက်ရဲ့ အလောင်းဖြစ်ပြီး ပြန်မရရှိသေးတဲ့ ဓားစာခံ ၁၃ ယောက်ထဲက မဟုတ်သေးကြောင်း နေတန်ယာဟုက ပြောဆိုပါတယ်။

အစ္စရေးရဲ့ တုံ့ပြန်ရေး နောက်ထပ်ခြေလှမ်းတွေကို ဆုံးဖြတ်ဖို့အတွက် အင်္ဂါနေ့ နှောင်းပိုင်းမှာ သူ့ရဲ့ ကာကွယ်ရေး အကြီးအကဲတွေကို အစည်းအဝေးခေါ်ယူမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဟားမတ်စ်ကလည်း သူတို့ဟာ အပစ်အခတ်ရပ်စဲရေးကို လိုက်နာပြီး ဓားစာခံ အကြွင်းအကျန်တွေကို ရှာဖွေဖို့ အကောင်းဆုံး လုပ်ဆောင်နေတာ ဖြစ်ပေမဲ့ ရုပ်အလောင်းတွေကို ခွဲခြားသတ်မှတ် ဖော်ထုတ်ဖို့က ပစ္စည်းကိရိယာတွေ မရှိတာကြောင့် အဟန့်အတား ဖြစ်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်ကလည်း ပြန်မတွေ့ရသေးတဲ့ သေဆုံးသူ ဓားစာခံအားလုံးရဲ့ ရုပ်ကြွင်းတွေကို လွှဲပြောင်းပေးဖို့ သဘောတူညီခဲ့ပေမဲ့ အလောင်းတွေကို တည်နေရာရှာဖွေပြီး ပြန်ယူဆောင်ဖို့က အချိန်ယူရမယ်လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေးကလည်း ဟားမတ်စ် စစ်သွေးကြွအဖွဲ့ဟာ ရုပ်ကြွင်းအများစုဆီ ဘာပြဿနာမှ မရှိဘဲ သွားရောက်နိုင်နေကြောင်း ပြောပါတယ်။

အီဂျစ်ကနေ အကြီးစား စက်ယန္တရားကြီးတွေ ရောက်ရှိလာပြီးနောက်ပိုင်း ရက်အနည်းငယ် အတွင်းမှာတော့ ဓားစာခံအလောင်းတွေကို ရှာဖွေမှု အရှိန်မြှင့်လာခဲ့ပါတယ်။

တချို့အလောင်းတွေဟာ ဂါဇာမြေအောက်ရှိ ဟားမတ်စ်ရဲ့ ဥမင်လိုဏ်ခေါင်း ကွန်ရက်အတွင်းမှာ ရှိနေတယ်လို့ ယူဆထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013