
ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးတဲ့ နည်းပြယော်ကင်လိုးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ဂါနာအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ နီးစပ်နေပါတယ်။
ဂါနာအသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ အော့တိုအက်ဒိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အသက် ၆၆ နှစ်အရွယ် ယော်ကင်လိုးကို တလ ယူရို ၁၅၀,၀၀၀ နဲ့ ကမ္ဘာ့ဖလား အပြီးအထိ ကာလတို စာချုပ် ချုပ်ဆိုဖို့ စီစဉ်နေတာပါ။
ယော်ကင်လိုးဟာ ၂၀၂၁ ခုနှစ်မှာ ဂျာမနီနည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေသူပါ။
သူသာ ဂါနာအသင်းကို ကိုင်တွယ်ဖြစ်ခဲ့ရင် အုပ်စုအဆင့်မှာ အင်္ဂလန်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ကို အနိုင်ယူခဲ့ဖူးတဲ့ မှတ်တမ်းကောင်းကို ပြန်လည်ပြသနိုင်မလားဆိုတာလည်း စောင့်ကြည့်ဖွယ်ရာ ကောင်းနေပါတယ်။










