
ဂျပန်ရောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို မြန်မာ့အရေးမှာ ကူညီပေးဖို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ အမေရိကန်သံရုံးရှေ့မှာ သွားရောက်တောင်းဆိုခဲ့သလို အိတ်ဖွင့်ပေးစာတစောင်လည်း ပေးအပ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဂျပန်နိုင်ငံခရီးစဥ်အတွင်း မြန်မာ့အရေးကူညီပေးဖို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ အမေရိကန်သံရုံးရှေ့မှာ အောက်တိုဘာ ၂၇ ရက် ညနေက သွားရောက်တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို ပိုမိုထိရောက်စွာ အလေးထား ဆောင်ရွက်လာစေဖို့ အတွက် တိုက်တွန်းတောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာကိုလည်း ဂျပန်နိုင်ငံရှိ အမေရိကန်သံရုံးကတဆင့် အောက်တိုဘာ ၂၂ ရက်က အမေရိကန်အစိုးရ (DOS) ဆီ ပေးပို့နိုင်ခဲ့တယ်လို့ ကိုသန့်ဇော်ထက်က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုကြခဲ့ပြီး အိတ်ဖွင့်ပေးစာမှာ “မြန်မာ့ဒီမိုကရေစီအင်အားစုများရဲ့ လှုပ်ရှားမှုများအား ကူညီပံ့ပိုးပေးဖို့နဲ့ စစ်ခေါင်းဆောင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားစေနိုင်တဲ့ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး၊ တရားမဝင် အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ထိရောက်စွာ အရေးယူပေးဖို့” ဖော်ပြထားပါတယ်။
သမ္မတထရမ့်ပ် အာဆီယံအစည်းအဝေး မတက်ရောက်မီအချိန်မှာ စာလက်ခံရရှိတာကို ပြန်လည်အကြောင်းကြားလာတယ်လို့ NUG Support Team Japan က အသိပေးထားပါတယ်။
ပြည်ပအားကိုး ပုဆိန်ရိုး မဟုတ်ဘဲ မြန်မာ့အရေးကို နိုင်ငံတကာက သိရှိအောင် လုပ်ရမှာက ကျနော်တို့ရဲ့ တာဝန်ပါလို့ လှုပ်ရှားမှုမှာပါဝင်တဲ့ CDM သံအရာရှိ ဦးအောင်စိုးမိုးက ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပါတယ်။
မြန်မာ အပါအဝင် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာနဲ့ ဗင်နီဇွဲလားနိုင်ငံ စုစုပေါင်း ၅ နိုင်ငံကို မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေအဖြစ် အမေရိကန်သမ္မတ ထရမ့်ပ်က စက်တင်ဘာ ၁၇ ရက်မှာ သတ်မှတ် ကြေညာထားပါတယ်။
SpaceX ကုမ္ပဏီကလည်း အောက်တိုဘာ ၂၂ ရက်မှာ မြန်မာနိုင်ငံက ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေမှာ အသုံးပြုနေတယ်လို့ သံသယရှိတဲ့ စတားလင့်ခ် အင်တာနက် စက်ပေါင်း ၂,၅၀၀ ကျော် ဖြတ်တောက်ခဲ့ပါတယ်။
ဟန်န










