DVB Logo
Home
နိုင်ငံတကာ
တရုတ်-အာဆီယံ လွတ်လပ်သည့်ကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင်ရေး လက်မှတ်ရေးထိုး
DVB
·
October 29, 2025
တရုတ်-အာဆီယံ လွတ်လပ်သည့်ကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင်ရေး လက်မှတ်ရေးထိုး
Donate to DVB

တရုတ်နဲ့- အာဆီယံအကြား လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် Version 3.0 အဆင့်မြှင့်တင်ရေး သဘောတူစာချုပ်ကို တရုတ်ဝန်ကြီးချုပ်လီချန်နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)တို့ အောက်တိုဘာ ၂၈ ရက် မနက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ၂၈ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီလက်မှတ်ရေးထိုးလိုက်တာပါ။ 

အဆင့်မြှင့်တင်မှုဟာ အဓိကနယ်ပယ် ၉ ခုကို လွှမ်းခြုံထားပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းတွေနဲ့ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ စံနှုန်းတွေ၊ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုလို လက်ရှိနယ်ပယ်တွေသာမက ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက် အပြန်အလှန်ချိတ်ဆက်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူ ကာကွယ်ရေး၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေလို အလားအလာမြင့်မားတဲ့ နယ်ပယ်အသစ်တွေ ပါဝင်ပါတယ်။

နိုင်ငံတကာစည်းမျဉ်းတွေ ရေးဆွဲရာမှာ တက်တက်ကြွကြွ ဦးဆောင်ပြီး ပေါ်ပေါက်လာတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ နှစ်ဖက်စလုံးရဲ့ ဘုံဆန္ဒနဲ့ လုပ်ဆောင်ချက်တွေကို ထင်ဟပ်စေတယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဆင့်မြှင့်တင်ရေး ပရိုတိုကောကို လက်မှတ်ရေးထိုးပြီးတဲ့နောက် တရုတ်နဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက သဘောတူညီချက် အမြန်ဆုံး အသက်ဝင်စေဖို့ သက်ဆိုင်ရာ ပြည်တွင်းခွင့်ပြုချက် လုပ်ထုံးလုပ်နည်းတွေကို ဆက်လုပ်သွားမယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

၂၀၀၂ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ Version 1.0 အဖြစ် အပြည့်အဝ အကောင်အထည် ဖော်ခဲ့တဲ့ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင်မှုဟာ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။

နောက်ဆက်တွဲ Version 2.0 ပရိုတိုကောကို ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အပြည့်အဝ အသက်ဝင်ခဲ့ပါတယ်။

Version 3.0 အဆင့်မြှင့်တင်မှုအတွက် ညှိနှိုင်းမှုတွေကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် မေလမှာ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပါတယ်။

ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး နက်ရှိုင်းလာတာဟာ ဒေသတွင်း တိုးတက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ၁၆ နှစ်ဆက်တိုက် အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အာဆီယံကတော့ ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံရဲ့ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာပါတယ်။

၂၀၂၄ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၉၈၂ ဒသမ ၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၀၂ ခုနှစ်ကစလို့ ၁၇ ဆ တိုးလာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013