DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်သမ္မတကတော် လိင်ပြောင်းထားဟု စွပ်စွဲသူ ၁၀ ဦးကို ရုံးတင်စစ်ဆေး
DVB
·
October 28, 2025
ပြင်သစ်သမ္မတကတော် လိင်ပြောင်းထားဟု စွပ်စွဲသူ ၁၀ ဦးကို ရုံးတင်စစ်ဆေး
Donate to DVB

ပြင်သစ်သမ္မတကတော် ဘရစ်ဂျစ်မက်ခွန်းဟာ လိင်ပြောင်းထားသူဖြစ်တယ်လို့ မဟုတ်မမှန် စွပ်စွဲပြီး ဆိုက်ဘာအနိုင်ကျင့်မှု (cyber bullying) ပြုလုပ်တယ်လို့ စွပ်စွဲခံထားရတဲ့ လူ ၁၀ ယောက်ကို ပါရီမြို့မှာ ရုံးတင်စစ်ဆေးနေပါတယ်။

သူတို့ဟာ သမ္မတကတော်ရဲ့ ဂျန်ဒါ၊ လိင်လက္ခဏာနဲ့ ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေအပြင် သမ္မတမက်ခွန်းနဲ့ အသက် ၂၄ နှစ် ကွာဟချက်အပေါ် မလိုမုန်းထား မှတ်ချက်တွေ ဖြန့်ဝေခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ရုံးတင်စစ်ဆေးခံရသူတွေထဲမှာ ရွေးကောက်ခံ အရာရှိတယောက်နဲ့ ကျောင်းဆရာတယောက် ပါဝင်ပြီး အပြစ်ရှိရင် ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်ပါတယ်။

ဒီကိစ္စဟာ ၂၀၁၇ ခုနှစ် သမ္မတ မက်ခွန်း ပထမအကြိမ် ရွေးကောက်ခံရစဉ်ကတည်းက စတင်ခဲ့တဲ့ သမ္မတကတော်ဟာ လိင်ပြောင်းထားသူဖြစ်တယ်ဆိုတဲ့ ကောလာဟလကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။

တရားပြိုင်တွေထဲက နှစ်ယောက်ဟာ သမ္မတကတော်ဟာ သူ့အစ်ကိုကနေ လိင်ပြောင်းထားသူ ဖြစ်တယ်လို့ စွပ်စွဲခဲ့ဖူးတဲ့အတွက် အသရေဖျက်မှုနဲ့ အရင်ကလည်း တရားစွဲခံခဲ့ရဖူးပါတယ်။

အမေရိကန်မှာလည်း လက်ယာစွန်းဝါဒီ ကန်ဒန့်စ် အိုဝင်စ်က အလားတူစွပ်စွဲချက်တွေ ဖြန့်ဝေခဲ့တဲ့အတွက် မက်ခွန်း မိသားစုက သူ့ကို ဇူလိုင်လကတည်းက တရားစွဲထားပါတယ်။

သမ္မတကတော်ရဲ့ ရှေ့နေက ဒီစွပ်စွဲချက်တွေဟာ “အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာ” ကောင်းပြီး သမ္မတအတွက် “အာရုံနောက်စရာ” ဖြစ်တယ်လို့ ပြောပါတယ်။

ဘရစ်ဂျစ်ဟာ ဆရာမဘဝ အထက်တန်းကျောင်းမှာ ကျောင်းသားဖြစ်သူ အီမန်နျူရယ် မက်ခွန်းနဲ့ စတင်တွေ့ဆုံ ချစ်ကြိုက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် မက်ခွန်း အသက် ၂၉ နှစ်အရွယ်၊ ဘရစ်ဂျစ် အသက် ၅၄ နှစ်အရွယ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013