
ဂရိနိုင်ငံ၊ လက်စ်ဘို့စ်ကျွန်းနားမှာ ရွှေ့ပြောင်းနေထိုင်သူ ၄ ယောက် လှေနစ်မြုပ်မှုမှာ သေဆုံးပြီး လူ ၇ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဂရိ ကမ်းရိုးတန်းစောင့်တပ်က အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။
ကမ်းရိုးတန်း အစောင့်တပ် အရာရှိတယောက်က “ကျနော်တို့ အလောင်း ၄ လောင်းကို ပြန်ရခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။ လှေပေါ်မှာ နောက်ထပ်လူတွေ ရှိမရှိ ကျနော်တို့ မသိပါဘူး” လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ အောက်တိုဘာလမှာ တူရကီကမ်းရိုးတန်းနားမှာရှိတဲ့ လက်စ်ဘို့စ်ကမ်းလွန်မှာ ရွှေ့ပြောင်းနေထိုင်သူတွေပါတဲ့ ဒုတိယမြောက် မတော်တဆမှု ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာ စစ်ပွဲနဲ့ ဆင်းရဲမွဲတေမှုတွေကနေ ထွက်ပြေးလာတဲ့ လူတသန်းကျော်ဟာ ဥရောပဆီ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ၂၀၁၅-၁၆ ခုနှစ် ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းရဲ့ ရှေ့တန်းမှာ ရှိနေခဲ့ပါတယ်။
ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အရေအတွက်ဟာ နောက်ပိုင်းမှာ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ လစ်ဗျားနိုင်ငံက ခရိကျွန်းနဲ့ ဂါ့ဗ်ဒို့စ်ကျွန်းတွေကနေတဆင့် ရောက်လာသူတွေ ပြန်ပေါ်လာပြီးတဲ့နောက် ရွှေ့ပြောင်းနေထိုင်မှု စည်းမျဉ်းတွေကို ပိုမိုတင်းကျပ်လာခဲ့ပါတယ်။
Source: Reuters








