DVB Logo
Home
နိုင်ငံတကာ
လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို အမေရိကန်နှင့် ဂရိ ပူးပေါင်းတိုက်ဖျက်မည်
DVB
·
October 8, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ခိုင်မာပြီး စံပြဖြစ်တဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO ရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ဂရိနိုင်ငံနဲ့ အမေရိကန်တို့ရဲ့ ဥပဒေစိုးမိုးရေး အေဂျင်စီတွေကြား အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက် မျှဝေမှုအသစ်တခုကို စလုပ်နေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။

ဂရိနိုင်ငံရဲ့မြို့တော် အေသင်မြို့ဆီ တရားဝင်ခရီးစဉ်အတွင်း ရူဘီအိုက ဂရိနိုင်ငံဟာ လူအများအပြား ရွှေ့ပြောင်းသွားလာမှုနဲ့ လူကုန်ကူးမှုတို့ကြောင့် ဖြစ်လာတဲ့ ခြိမ်းခြောက်မှုတွေကို အထူးတလည် ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ဂရိနိုင်ငံဟာ မြေထဲပင်လယ်အရှေ့ပိုင်း လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကကျတဲ့ စစ်ရေးအခြေစိုက်စခန်းတွေကို ပံ့ပိုးပေးခြင်းအားဖြင့် အမေရိကန်အတွက် အရေးပါတဲ့ NATO မဟာမိတ်နိုင်ငံတခု ဖြစ်ခဲ့ပြီး ပင်လယ်နီထဲက ကုန်သွယ်ရေးသင်္ဘောတွေကို ကာကွယ်ဖို့ ဥရောပ သမဂ္ဂ (EU) ရဲ့ ရေကြောင်းဆိုင်ရာ စစ်ဆင်ရေး လုပ်ငန်းတာဝန်တရပ်ကိုလည်း ဦးဆောင် နေပါတယ်။

ဂရိဟာ အမေရိကန်နဲ့ ပူးပေါင်းဖို့ လိုလားနေပြီး ဟော်မုဇ် ရေလက်ကြားမှာ လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခု ရှိလာခဲ့ရင် ရေကြောင်းအကူအညီတွေ ကမ်းလှမ်းပါတယ်လို့ ဂရိနိုင်ငံခြားရေးဝန်ကြီး ယောဂို့စ်ယီရာ ပက်ထရစ်တစ်စ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဂရိနိုင်ငံအနေနဲ့ ဂရိအစိုးရကို လှိုက်စားဖို့ အမေရိကန်က သြဇာလွှမ်းမိုးမှုကို သုံးနိုင်တယ်လို့ ဂရိနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကင်ဘာလီ ဂီလ်ဖွိုင်းလ်က ခြိမ်းခြောက် ပြောဆိုခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ်တွေက ထုတ်ပြောပြီးတဲ့နောက် ရူဘီအိုက သံအမတ်ကြီးဘက်ကနေ ရပ်တည်ခဲ့ပါတယ်။

သူ့လုပ်ရပ်က နိုင်ငံခြားရေးဌာန ကျင့်ဝတ်စည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ မေးမြန်းခံရတဲ့အခါ ရူဘီအိုက “ဒီမှာရှိတဲ့ ကျနော်တို့ရဲ့ သံရုံးက အလွန်ကောင်းမွန်တဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့ရဲ့ သံအမတ်ကြီးဟာ ဒီနေရာမှာ စွမ်းဆောင် ရည်မြင့်မားတဲ့ သံအမတ်ကြီးတယောက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013