DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ရေတပ် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်တို့ တောင်တရုတ်ပင်လယ်၌ ပျက်ကျ
DVB
·
October 28, 2025
အမေရိကန်ရေတပ် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်တို့ တောင်တရုတ်ပင်လယ်၌ ပျက်ကျ
Donate to DVB

အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘောတစီးရဲ့ ပုံမှန်စစ်ဆင်ရေးအတွင်း ရဟတ်ယာဉ်တစင်းနဲ့ တိုက်လေယာဉ်တစင်းတို့ အောက်တိုဘာ ၂၆ ရက်မှာ တောင်တရုတ်ပင်လယ်ထဲ တနာရီအတွင်း သီးခြားစီ ပျက်ကျခဲ့ပြီး ဝန်ထမ်းအားလုံး ဘေးကင်းတယ်လို့  အမေရိကန်ရေတပ်က ပြောပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်အမျိုးအစားက F/A-18F စူပါဟောနက် တိုက်လေယာဉ်တစင်းနဲ့ MH 60R Sea Hawk ရဟတ်ယာဉ်တစင်း ဖြစ်ပါတယ်။

Sea Hawk ရဟတ်ယာဉ်ဟာ တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်မှာ ပျက်ကျခဲ့ပြီး မကြာမီ F/A-18F Super Hornet တိုက်လေယာဉ်တစင်းလည်း တောင်တရုတ်ပင်လယ်ထဲကို ပျက်ကျခဲ့တယ်လို့ ရေတပ်က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အာရှတိုက်ဆီ သွားရောက်လည်ပတ်နေချိန်မှာ ခုလို ပျက်ကျခဲ့တာပါ။

အမေရိကန် ပစိဖိတ်ရေတပ်က “ပါဝင်ပတ်သက်သူအားလုံး ဘေးကင်းပြီး တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဖြစ်ရပ်နှစ်ခုလုံးရဲ့ အကြောင်းရင်းကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲ” လို့ X လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။

ရဟတ်ယာဉ်နဲ့ ဂျက်လေယာဉ် ၂ စီးစလုံး ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေတဲ့ USS နစ်မစ်ဇ် လေယာဉ်တင်သင်္ဘောရဲ့ တည်နေရာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013