DVB Logo
Home
နိုင်ငံတကာ
လစ်သူယေးနီးယား လေပိုင်နက်အတွင်း မိုးပျံပူဖောင်းများ ဝင်ရောက်လာသဖြင့် လေဆိပ်ပိတ်
DVB
·
October 27, 2025
လစ်သူယေးနီးယား လေပိုင်နက်အတွင်း မိုးပျံပူဖောင်းများ ဝင်ရောက်လာသဖြင့် လေဆိပ်ပိတ်
Donate to DVB

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ် (NATO) အဖွဲ့ဝင် လစ်သူယေးနီးယားနိုင်ငံမှာ ခုအပတ်အတွင်း စတုတ္ထအကြိမ်မြောက် ဟီလီယမ်မိုးပျံပူဖောင်းတွေလို့ ယူဆရတဲ့ အရာဝတ္ထုတွေ အများကြီး လေပိုင်နက်ထဲကို ဝင်လာပြီးတဲ့နောက် အောက်တိုဘာ ၂၆ ရက်မှာ ဗီလ်နီးယပ်စ်လေဆိပ်ကို ပိတ်လိုက်တယ်လို့ အမျိုးသားအကျပ်အတည်း စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

အိမ်နီးချင်း ဘယ်လာရုစ်နိုင်ငံက မိုးလေဝသဆိုင်ရာ မိုးပျံပူဖောင်းတွေ လစ်သူယေးနီးယား လေပိုင်နက်ထဲ ဝင်လာလို့ အောက်တိုဘာ ၂၅ ရက်ကလည်း လေဆိပ်ကို ပိတ်ခဲ့ရပါတယ်။

အောက်တိုဘာ ၂၄ ရက်မှာ လစ်သူယေးနီးယားဟာ နိုင်ငံရဲ့ အကြီးဆုံးလေဆိပ် ၂ ခုကို ပိတ်လိုက်ပြီး ဘယ်လာရုစ်နဲ့ နယ်စပ်ဖြတ်ကျော်ရေးစခန်းတွေကို ပိတ်ခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံက ကိုပင်ဟေဂင်မြို့၊ ဂျာမနီနိုင်ငံ မြူးနစ်ချ်မြို့နဲ့ ဘောလ်တစ်ဒေသက လေဆိပ်တွေ အပါအဝင် ဥရောပလေကြောင်းသွားလာရေး ခရီးစဉ်တွေမှာ ဒရုန်းတွေနဲ့ တခြားလေကြောင်း ကျူးကျော်မှုတွေကြောင့် မကြာသေးမီ သီတင်းပတ်တွေအတွင်း အကြိမ်ကြိမ် ပရမ်းပတာ ဖြစ်နေခဲ့ပါတယ်။

မိုးပျံပူဖောင်းတွေကို တရားမဝင် စီးကရက်တွေကို သယ်ဆောင်လာတဲ့ မှောင်ခိုသမားတွေက ပေးပို့တာလို့ လစ်သူယေးနီးယား အစိုးရက ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီအလေ့အကျင့်ကို မရပ်တန့်တဲ့အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မဟာမိတ်ဖြစ်သူ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို ကိုလည်း အပြစ်တင်ခဲ့ပါတယ်။

လစ်သူယေးနီးယားဝန်ကြီးချုပ် အင်ဂါ ရူဂျီနီယံက နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကော်မရှင်က အခြေအနေကို အကဲဖြတ်ဖို့ လာမယ့်အပတ်မှာ အစည်းအဝေးလုပ်မယ်လို့ သောကြာနေ့က ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013