DVB Logo
Home
အားကစား
ဖီဖာ အာဆီယံဖလားဘောလုံးပြိုင်ပွဲသစ် ကျင်းပမည် 
DVB
·
October 27, 2025
ဖီဖာ အာဆီယံဖလားဘောလုံးပြိုင်ပွဲသစ် ကျင်းပမည် 
Donate to DVB

ဒေသတွင်း ဘောလုံးလောကမြှင့်တင်ဖို့ ရည်ရွယ်ပြီး ဖီဖာအသိအမှတ်ပြု အာဆီယံဖလားပြိုင်ပွဲသစ် ကျင်းပဖို့အတွက် ဖီဖာဘောလုံးအဖွဲ့ချုပ်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)တို့ သဘောတူညီမှုတရပ်ရရှိသွားပါတယ်။

အောက်တိုဘာ ၂၆ ရက်က ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ကြေညာခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အာဆီယံအတွင်းရေးမှူးချုပ် ကောက်ကင်ဟွမ်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာကို အသစ်ပြန်လည် ချုပ်ဆိုခဲ့ပါတယ်။

ဒီပြိုင်ပွဲဟာ ၂၀၂၁ ခုနှစ်တုန်းက ဖီဖာက ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ အာရပ်ဖလားပြိုင်ပွဲပုံစံကို စံနမူနာယူပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက နိုင်ငံလက်ရွေးစင် အသင်းတွေကို စုစည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

အင်ဖန်တီနိုက “နိုင်ငံပေါင်း ၁၁ နိုင်ငံလုံးနဲ့အတူ ဒီဒေသနဲ့ ဒီဒေသအတွက် ကျနော်တို့ ဖန်တီးတည်ထောင်နေတဲ့ ဖီဖာပြိုင်ပွဲသစ်ဖြစ်တဲ့ FIFA ASEAN Cup ပါ။ ပြီးတော့ ဒီပြိုင်ပွဲကို ကျနော်တို့ စတင်လိုက်တာက ဖီဖာရဲ့ နိုင်ငံတကာ ပွဲစဉ်ပြက္ခဒိန်ရဲ့ မူဘောင်အတွင်းမှာ အကောင်းဆုံး ကစားသမားတွေနဲ့အတူ ဘောလုံးအားကစားကို အမှန်တကယ် မြှင့်တင်ပေးဖို့၊ ဒီဒေသအတွင်းမှာ တကယ့်ကို သက်ရောက်မှုရှိစေဖို့၊ ဒါ့အပြင် ကမ္ဘာတဝန်းလုံးမှာပါ ထွန်းလင်းတောက်ပလာစေဖို့ ဖြစ်ပါတယ်"လို့ ပြောပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ အာရှဘောလုံးအဖွဲ့ချုပ် (AFC)၊ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) နဲ့ သက်ဆိုင်ရာ ဖီဖာအဖွဲ့ဝင်အသင်းတွေ အပါအဝင် ဒေသဆိုင်ရာ သက်ဆိုင်သူတွေနဲ့အတူ ပြိုင်ပွဲပုံစံကို အပြီးသတ် သတ်မှတ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013