DVB Logo
Home
မြန်မာသတင်း
“Purple Flowers Will Bloom” ဓာတ်ပုံစာအုပ် မိတ်ဆက်ပွဲ ချင်းမိုင်တွင် ပြုလုပ်
DVB
·
October 26, 2025
“Purple Flowers Will Bloom” ဓာတ်ပုံစာအုပ် မိတ်ဆက်ပွဲ ချင်းမိုင်တွင် ပြုလုပ်
1 / 16
Donate to DVB

‘Purple Flowers Will Bloom'  ပန်းခရမ်းရောင်များ ပွင့်လိမ့်မည်လို့အမည်ပေးထားတဲ့  ဓာတ်ပုံစာအုပ် မိတ်ဆက်ပွဲနဲ့ ပြပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Alliance Francise မှာ အောက်တိုဘာ ၂၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဒီဓာတ်ပုံစာအုပ်ကို ဖန်တီးခဲ့သူကတော့ ဓာတ်ပုံရိုက်ကူးသူလည်းဖြစ်၊ လူမျိုးနှင့်ယဉ်ကျေးမှုဗေဒပညာရှင်လည်း ဖြစ်တဲ့ မခင်စန္ဒာညွန့်ပဲ ဖြစ်ပါတယ်။

ဒီဓာတ်ပုံစာအုပ်မှာတော့ ၂၀၂၄ နှစ်အစက ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ် (ဆိုမိုဖေစိုးလေး) တိုက်ပွဲရက်တွေက နေ့ရက်တွေအကြောင်းကို မခင်စန္ဒာညွန့်ရဲ့ လက်ရေးမူ မြန်မာစာနဲ့ ရေးသားထားတဲ့ ကိုယ်တိုင်ရေး နေ့စဉ်မှတ်တမ်းနဲ့ ဓာတ်ပုံတွေ ပါဝင်ပြီး စာအုပ်ကို ထုတ်ဝေသူကတော့ Newburma အဖွဲ့က ဖြစ်ပါတယ်။

အနုပညာစုပေါင်းအဖွဲ့ဖြစ်တဲ့ A New Burma ကို တည်ထောင်သူ မနှင်းဝင်းက  “ဒီစာအုပ်မိတ်ဆက်ပွဲကို ပံ့ပိုးပေးတဲ့ ပြပွဲလေးတခုကိုလည်း ကျမတို့ ဖန်တီးခဲ့ပါတယ်။ ဒီစာအုပ်ဖန်တီးမှုရဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြသချင်ခဲ့ပါတယ်။ ပရိသတ်တွေ လာရောက်ပြီး စာအုပ်ကို ကိုယ်တိုင် ကိုင်တွယ်ခံစားပြီး စာအုပ်ဖြစ်ပေါ်လာတဲ့ လုပ်ငန်းစဉ်တွေကို မြင်တွေ့စေချင်ပါတယ်” လို့ ဆိုပါတယ်။

‘Purple Flowers Will Bloom' (ပန်းခရမ်းရောင်များ ပွင့်လိမ့်မည်) ဆိုတဲ့ စာအုပ်နာမည်ကိုတော့ ကရင်နီပြည်နယ်က ရှေ့တန်းတနေရာမှာ မခင်စန္ဒာညွန့် ရေးသားခဲ့တဲ့ ကဗျာတပုဒ်ကနေ စဉ်းစားမိပြီး ပေးဖြစ်တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြား ခရမ်းရောင်ပန်းလေးတွေ ပွင့်နေတာကို တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီစာအုပ်ကို ပထမအကြိမ်ပုံနှိပ် အနေနဲ့ အုပ်ရေ ၈၀ ပဲ ပုံနှိပ်ထားတာဖြစ်ပါတယ်။ စာအုပ်ရောင်းရငွေရဲ့ ၃ ပုံ ၂ ပုံရငွေက ထပ်ပုံနှိပ်ဖို့ဖြစ်ပြီး အမြတ်ငွေ ကျန် ၁ ပုံကိုတော့ ကရင်နီပြည်နယ်က အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီပြပွဲကိုတော့ အောက်တိုဘာ ၂၅ ကနေ ၃၁ ရက်နေ့အထိပြသသွားမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013