DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်က တရုတ် နယ်စပ်ဂိတ်များ အကန့်အသတ်ဖြင့် ပြန်ဖွင့်
DVB
·
October 26, 2025
ကချင်ပြည်နယ်က တရုတ် နယ်စပ်ဂိတ်များ အကန့်အသတ်ဖြင့် ပြန်ဖွင့်
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်က မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၂၅ ရက်ကစပြီး တရုတ်ဘက်ကနေ အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးခဲ့တယ်လို့ KIA က ပြောပါတယ်။ 

KIA ဌာနချုပ်ထားတဲ့ တရုတ် နယ်စပ်ဂိတ် လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ ကန်ပိုက်သီ စတဲ့ နယ်စပ်ဂိတ် အကုန်လုံးနီးပါးမှာ လူသုံးကုန်နဲ့ စားသောက်ကုန် သီးသန့်ကိုပဲ အဓိက တင်သွင်းခွင့် ပြုခဲ့တာလို့ ဆိုပါတယ်။

စက်သုံးဆီ အပါဝင် အီလက်ထရောနစ် နည်ပညာပစ္စည်းတွေ၊ စစ်ဘက်သုံး ပစ္စည်းတွေကိုတော့ ကန့်သတ်ထားဆဲပဲလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။ 

“ပြည်သူလူထုတွေရဲ့ လိုအပ်နေတဲ့ စားဝတ်နေရေးနဲ့ ပတ်သက်လို့ စားစရာ သောက်စရာတွေပေါ့။ အဲဒါတွေကို အဓိက သူတို့ (တရုတ်အစိုးရ) ဖွင့်ပေးတာ ဖြစ်ပါတယ်။  နောက် ပြည်သူလူထုတွေ ဆေးရုံတက်ဖို့ ကူးသန်းလို့ရတယ်။ ကျန်တာကတော့ အီလတ်ထရောနစ်နဲ့ ပတ်သက်တာတွေ၊ စစ်ရေးနဲ့ ပတ်သက်တာတွေ နောက် စက်သုံးဆီတွေကအစပေါ့၊ အဲဒါတွေကတော့ ဖွင့်မပေးသေးပါဘူး။”

တရုတ်ဘက် အကန့်အသတ်နဲ့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးလိုက်တာဟာ ပြည်သူလူထုအတွက် ကောင်းကျိုး သက်ရောက်မှုရှိပြီး အလုံးစုံ လွတ်လွတ်လပ်လပ် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့အတွက် KIO နဲ့ တရုတ်အစိုးရကြား မကြာ မကြာ တွေ့ဆုံညှိနှိုင်းနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်၊ ကန်ပိုင်တီ၊ ပန်ဝါ တရုတ်နယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း KIA ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက် သိမ်းယူလိုက်ပြီးနောက် အဲဒီ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်လိုက်တာပါ။

လက်ရှိမှာ ကချင်ပြည်နယ်က တရုတ်နယ်စပ်ဂိတ်တွေ အကုန်လုံးနီးပါးကို KIAက ထိန်းချုပ်ထားပြီး ဝိုင်းမော်-ကန်ပိုင်တီ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း၊ နယ်စပ်ဂိတ်နဲ့ မြေရှားလုပ်ကွက်ရှိတဲ့ ပန်ဝါမြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တွေ ပူးပေါင်းကာ ပြီးခဲ့တဲ့ ဧပြီလလောက်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013