DVB Logo
Home
မြန်မာသတင်း
ဒေါက်တာ မီမီဝင်းဘတ် ဩစတြေးလျရောက် မြန်မာအသိုက်အဝန်းနှင့် တွေ့ဆုံ ဆွေးနွေး (ဓာတ်ပုံ)
DVB
·
October 26, 2025
ဒေါက်တာ မီမီဝင်းဘတ် ဩစတြေးလျရောက် မြန်မာအသိုက်အဝန်းနှင့် တွေ့ဆုံ ဆွေးနွေး (ဓာတ်ပုံ)
1 / 8
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီပြန်လည်ရှင်သန်နိုင်ရေးအတွက် ပါဝင်တော်လှန်နေကြသူတွေကို ထောက်ခံအားပေးကူညီပေးနေတဲ့ အမေရိကန်စစ်တပ် ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာ မီမီဝင်းဘတ်ဟာ နွေဦးတော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေမယ့် လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ဩစတြေးလျနိုင်ငံကို ရောက်ရှိနေပါတယ်။ 

ဒေါက်တာမီမီဝင်းဘတ်ဟာ အောက်တိုဘာ ၁၉ ရက်မှာ ဩစတြေးလျနိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ပါခ်မြို့မှာ မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံခဲ့တဲ့အပြင် လွှတ်တော်အမတ် ဒင်းမ်စမစ် နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် Curtin တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဒေါက်တာထွေးထွေးသိန်း အပါအဝင် ဩစတြေးလျပညာရှင် အသိုင်းအဝိုင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒေါက်တာမီမီဝင်းဘတ်ဟာ ခရီးစဉ်အတွင်းမှာ ဩစတြေးလျ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာ့နွေးဦးတော်လှန်ရေး အခြေအနေတွေကိုတွေ့ဆုံ ဆွေးနွေးနေရတဲ့ ရည်ရွည်ချက်ဟာ ပြည်တွင်းက တော်လှန်ရေးအဖွဲ့တွေနဲ့ ဩတြေးလျရောက်မြန်မာတွေ အချင်းချင်း တွေ့ဆုံရင်းနှီးစေဖို့နဲ့ တော်လှန်ရေးအတွက် ထိရောက်တဲ့ ကိစ္စရပ်တွေ ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းပေးနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မဲလ်ဘုန်းမြို့က မြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ ဒေါက်တာ မီမီဝင်းဘတ်က စစ်အာဏာရှင် ပြုတ်ကျရေး ရည်မှန်းချက်တွေ တူညီရင် ကျန်တဲ့ ကွဲပြားမှုတွေဟာ အရေးမပါတော့တာကြောင့် အတူပူးပေါင်း ကူညီဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်မှာလည်း မဲလ်ဘုန်းတက္ကသိုလ်မှာ  Myanmar campaign network က စီစဉ်တဲ့ Initiative for peace building နဲ့ Myanmar research network အပြင် Myanmar Scholars တွေနဲ့ တွေ့ဆုံပွဲမှာ ပွင့်ပွင့်လင်းလင်း ဆွေး‌နွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး နိုင်ငံရေး ခြယ်လှယ်မှုနဲ့ပတ်သက်လို့ ဒေါက်တာမီမီဝင်းဘတ်ရဲ့ အမြင်နဲ့ အမေရိကန်အစိုးရရဲ့ မြန်မာ့နိုင်ငံအပေါ် အမြင်နဲ့ ဆက်ဆံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒေါက်တာ မီမီဝင်းဘတ်ရဲ့ ခရီးစဉ်အတွင်းမှာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ရော လွှတ်တော်အမတ်တွေနဲ့ပါ ထပ်မံတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေ ဩစတြေးလျရောက် မြန်မာတွေရဲ့ လိုလားချက်တွေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ အသံတွေကို ဩစတြေးလျအစိုးရအဖွဲ့ကို တင်ပြဆွေးနွေးသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဩစတြေးလျအစိုးရ အနေနဲ့ သိအမှတ်မပြုဖို့နဲ့ ပိုမိုတင်းကျပ်တဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ဖို့ အပြင် သံတမန်ဆက်ဆံရေး မလုပ်ဖို့ တောင်းဆိုသွားဖို့ ရှိနေပါတယ်။

ဒေါက်တာမီမီဝင်းဘတ်ဟာ အမေရိကန်တပ်မတော် ဒုတိယဗိုလ်မှူးကြီး တာဝန်ကနေ အငြိမ်းစားယူထားသူဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ စိတ်ဓာတ်နဲ့ ဗျူဟာရေးရာတွေကို အကြံပေးနေသူလည်းဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013