DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်က မာဖီးယားကို မဟာမိတ်အဖြစ် ရွေးချယ်ခဲ့ဟု ကိုလံဘီယာ သမ္မတဝေဖန် 
DVB
·
October 25, 2025
ထရမ့်ပ်က မာဖီးယားကို မဟာမိတ်အဖြစ် ရွေးချယ်ခဲ့ဟု ကိုလံဘီယာ သမ္မတဝေဖန် 
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ "မာဖီးယား"ကို မဟာမိတ်အဖြစ် ရွေးချယ်လိုက်ပြီး အမေရိကန် လူမှုအဖွဲ့အစည်းကို ကိုကင်းစီးဆင်းမှု ရပ်တန့်စေဖို့အတွက် မာဖီးယားတွေကို တိုက်ခိုက်ပေးနေသူကို  ပြန်တိုက်ခိုက်နေတယ်လို့   ကိုလံဘီယာသမ္မတ  ဂူစတာဗိုပေထရိုက ပြောပါတယ်။

သမ္မတထရမ့်ပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က ကိုလံဘီယာသမ္မတ ဂူစ်တာဗိုပက်ထရိုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူပြီးနောက် အောက်တိုဘာ ၂၄ ရက်က ဘိုဂိုတာမြို့လယ်ရှိ ပလာဇာဒီဘိုလီဗာမှာ စုဝေးခဲ့ကြတဲ့ မဲဆန္ဒရှင် ထောင်ပေါင်းများစွာကို  သမ္မတ ပေထရိုက မိန့်ခွန်း ပြောကြားခဲ့တာပါ။

သူ့ကို ပိတ်ဆို့အရေးယူဖို့အတွက် အမေရိကန်ရဲ့ ထောက်ခံမှုကို ရှာဖွေခဲ့ကြတဲ့ ကိုလံဘီယာ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေကိုလည်း မာဖီးယားတွေလို့လည်း  ပေထရိုက ခေါ်ဆိုလိုက်ပါတယ်။

“သူဟာ ဘာစီးပွားရေးမှ မလုပ်ဘူး။ အမေရိကန်မှာလည်း တဒေါ်လာမှ မရှိဘူး။ ပိတ်ဆို့ထားစရာလည်း မရှိဘူး။ အမေရိကန်မှာ စီးပွားရေး လုပ်ချင်စိတ်လည်း မရှိဘူး။ ဘယ်တော့မှလည်း လုပ်မှာ မဟုတ်ဘူး။”

ပေထရိုက အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူ့အစိုးရဟာ မကြုံစဖူးနှုန်းတွေနဲ့ ကိုကင်းကို ဖမ်းဆီးခဲ့သလို ကိုကင်းအတွက် အခြေခံပါဝင်ပစ္စည်းဖြစ်တဲ့ ကိုကာသီးနှံစိုက်ခင်းတွေ တိုးချဲ့မှု ၂၀၂၁ ခုနှစ်ကတည်းကနည်းသွားတယ်လို့လည်း ပြောပါတယ်။

အခုပြုလုပ်တဲ့ လူထုစုရုံးပွဲဟာ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုကို ထောက်ခံဖို့အတွက် ပြီးခဲ့တဲ့ တပတ်လောက်က ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ရဲ့ ပိတ်ဆို့မှုတွေ ကြေညာအပြီးမှာတော့ ဒီစုဝေးပွဲရဲ့ အာရုံစိုက်မှုဟာ ကိုလံဘီယာ-အမေရိကန် ဆက်ဆံရေးဆီကို ရွေ့လျားသွားခဲ့ပါတယ်။ 

ဝါရှင်တန်နဲ့ ဒေသတွင်းနိုင်ငံများစွာအကြား တင်းမာမှုတွေဟာ ရက်သတ္တပတ်တွေအတွင်း မြင့်တက်လာပါတယ်။

အမေရိကန်စစ်တပ်ဟာ တောင်ပိုင်း ကာရစ်ဘီယံမှာလှုပ်ရှားမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာရေပိုင်နက်ရှိ သင်္ဘောတွေကိုလည်း မူးယစ်ဆေးဝါးတွေ သယ်ဆောင်နေတယ်လို့ သက်သေအထောက်အထား မရှိ စွပ်စွဲကာ တိုက်ခိုက်ခဲ့ပါတယ်။

လက်ဝဲဝါဒီသမ္မတ ပေထရိုက အမေရိကန်ဟာ တိုက်ခိုက်မှုတွေနဲ့ လူသတ်မှု ကျူးလွန်နေတာလို့ စွပ်စွဲခဲ့ပြီးနောက်မှာ ထရမ့်ပ်ကလည်း ပေထရို ကို "တရားမဝင် မူးယစ်ဆေးဝါးခေါင်းဆောင်" ဆိုပြီး အခုအပတ်မှာ ခေါ်ဆိုခဲ့ပြီးတော့ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013