DVB Logo
Home
မြန်မာသတင်း
Peacock  မှတ်တမ်းရုပ်ရှင်ပြပွဲ ဩစတြေးလျတွင်ကျင်းပ (ဓာတ်ပုံ) 
DVB
·
October 25, 2025
Peacock  မှတ်တမ်းရုပ်ရှင်ပြပွဲ ဩစတြေးလျတွင်ကျင်းပ (ဓာတ်ပုံ) 
1 / 8
Donate to DVB

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအကြောင်း မြန်မာသတင်းသမားတွေရိုက်ကူးပုံဖော်ထားတဲ့ DVBရဲ့ ရုပ်သံမှတ်တမ်းပြပွဲ  Peacock Film Festival  ကို ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သွားပါတယ်။ 

ပြည်သူပြည်သားသတင်းသမားတွေရဲ့ ရိုက်ကူးမှုတွေအပါအဝင် မှတ်တမ်းရုပ်ရှင် ၄ ကားကို ပြသပြီး မြန်မာပြည်ဖွား တိုင်းရင်းသားတွေအပြင် ဩစတြေေးလျနိုင်ငံသားတွေလည်း လာ ရောက်အားပေးခဲ့ပါတယ်။

ဒီရုပ်ရှင်ပွဲနဲ့အတူ  ဆွေးနွေးပွဲတခုကိုလည်း ပြုလုပ်ပြီး The Australian newspaper သတင်းတိုက်က Amanda Hodge၊ RMIT university professor နဲ့ စာရေးဆရာမ မီရှဲအောင်သင်းနဲ့ DVB သတင်းဌာနမှ မခင်ရူပါတို့ ပါဝင်ဆွေးနွေးသလို ပရိသတ်မေးခွန်းတွေကို လည်း ဖြေကြားခဲ့ပါတယ်။ 

အခုရုပ်ရှင်ပွဲကို Australia Myanmar Institute, Australia Campaign for Myanmar နဲ့ DVB တို့က ပူးပေါင်း စီစဉ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013