DVB Logo
Home
နိုင်ငံတကာ
ဩစတြေးလျ အနီရောင်ဂဏန်း သန်းချီ ပင်လယ်ထဲပြောင်းရွှေ့
DVB
·
October 24, 2025
ဩစတြေးလျ အနီရောင်ဂဏန်း သန်းချီ ပင်လယ်ထဲပြောင်းရွှေ့
Donate to DVB

သန်းနဲ့ချီတဲ့ အနီရောင် ဂဏန်းတွေဟာ ခရစ္စမတ်ကျွန်းကနေ ပင်လယ်ထဲကို နှစ်စဉ်ပြောင်းရွှေ့တဲ့ ခရီးစဉ် ဩစတြေးလျမှာ စတင်နေပါပြီ။

ဒါကြောင့် ဒီတပတ်လုံး ကျွန်းပေါ်မှာ အနီရောင်ဂဏန်းတွေ သန်းနဲ့ချီပြီး လမ်းမတွေပေါ်မှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ခရစ္စမတ်ကျွန်းရဲ့ ထင်ရှားတဲ့ အမှတ်အသားဖြစ်တဲ့ အနီရောင်ဂဏန်းတွေဟာ အကောင်ပေါင်း သန်း ၁၀၀ ကျော် ရှိပါတယ်။

ဩစတြေးလျနိုင်ငံကလည်း ဒီကျွန်းကို ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ထားပြီး အမျိုးသားပန်းခြံအဖြစ် သတ်မှတ်ထားပါတယ်။

ကျွန်းပေါ်မှာနေကြတဲ့ ဂဏန်းတွေဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကစပြီး ပင်လယ်ထဲကို ပြောင်းရွှေ့တဲ့ ခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပါတယ်။

ဒီဂဏန်းတွေဟာ ဩစတြေးလျ အနောက်ပိုင်း သမုဒ္ဒရာကမ်းခြေကို မျိုးပွားဖို့ သွားရောက်တာပါ။

အဲဒီကမ်းခြေမှာ ဂဏန်းမတွေက ဥတွေဥပြီး သားပေါက်အောင် စောင့်ရှောက်လေ့ရှိပြီး ဂဏန်းထီးတွေကတော့ ကုန်းတွင်းပိုင်းကို ပြန်လေ့ရှိပါတယ်။

ဂဏန်းမတကောင်ဟာ ဥပေါင်း ၁၀၀,၀၀၀ အထိ ဥနိုင်ပြီး ဒီဥတွေကို သမုဒ္ဒရာထဲကို ပို့ဆောင်မှာ ဖြစ်ပါတယ်။

ဂဏန်းနီတွေ ပြောင်းရွှေ့တဲ့ ရာသီမှာ ကျွန်းပေါ်မှာရှိတဲ့ လမ်းအများစု ပိတ်ထားသလို ဂဏန်းတွေကို စောင့်ရှောက်ပေးတဲ့ ဝန်ထမ်းတွေလည်း ထားရှိပေးတာ တွေ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013