DVB Logo
Home
နိုင်ငံတကာ
စစ်ဒဏ်သင့် ဆူဒန်တွင် ကုန်ထုတ်လုပ်ငန်းများ ပြန်လုပ်နိုင်ရန် ပြင်ဆင်
DVB
·
October 24, 2025
စစ်ဒဏ်သင့် ဆူဒန်တွင် ကုန်ထုတ်လုပ်ငန်းများ ပြန်လုပ်နိုင်ရန် ပြင်ဆင်
Donate to DVB

ဆူဒန်နိုင်ငံ ခါတွမ်ပြည်နယ်ရဲ့ အကြီးဆုံးစက်မှုဇုန်က အဓိကနေရာမှာ အင်ဂျင်နီယာတယောက်က ဝါယာကြိုး အများကြီးနဲ့ ပျက်စီးနေတဲ့ စက်ကို ညှပ်တခုနဲ့ ကွေးညွှတ်နေပြီး ၂ နှစ်ကျော်ကြာ စစ်ပွဲကြောင့် ပျက်စီးနေသော ထုတ်လုပ်မှုလိုင်းကို ပြန်အသက်သွင်းဖို့ ကြိုးစားနေပါတယ်။

ဒီနှစ်ထဲမှာ ဆူဒန်စစ်တပ်က မြို့တော်ကို အမြန်ထောက်ပံ့ရေးတပ်ဖွဲ့တွေဆီကနေ ပြန်သိမ်းပိုက်ပြီးတဲ့နောက် ၂၀၂၃ ခုနှစ်က ပဋိပက္ခဖြစ်ချိန်မှာ ထွက်ပြေးခဲ့ရသူတွေဟာ မြို့တော်ကို ပြန်ရောက်လာခဲ့ကြပါတယ်။

တခြားဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ စီးပွားရေးလုပ်ငန်းတချို့ဟာလည်း အပိုင်းအစတွေကို စပြီး ပြန်ကောက်နေကြပါပြီ။

စီးပွားရေးလုပ်ငန်းတွေဟာ ပြုပြင်ရေးအပြင် အကြီးအကျယ် ရှင်းလင်းရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေရပါတယ်။

မြို့တော်တဝန်း စက်ရုံတွေနဲ့ ဂိုထောင်တွေမှာ လိမ်ကောက်နေတဲ့ သတ္တုတွေနဲ့ အပျက်အစီးတွေ ပြည့်နှက်နေပြီး မျက်နှာကြက်နဲ့ ပြတင်းပေါက်တွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လုယက်သူတွေကြောင့် ကျန်ရစ်ခဲ့တဲ့ အပေါက်တွေကနေ အလင်းရောင်တွေ ဝင်နေပါတယ်။

ပဋိပက္ခ မတိုင်မီကတည်းက ရုန်းကန်နေရတဲ့ ဆူဒန်နိုင်ငံ စီးပွားရေးဟာ တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်မှာ ပြိုလဲသွားခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေအရ တိုင်းပြည်ရဲ့ GDP ဟာ စစ်ပွဲစတဲ့နှစ်မှာ ၂၉ ရာခိုင်နှုန်းနဲ့ ၂၀၂၄ ခုနှစ်မှာ ၁၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ လူတသန်းကျော်က မြို့တော် ခါတွမ်ဆီ ပြန်လာခဲ့ပေမဲ့ ပြည်တွင်း ကုန်စည်ဈေးကွက်ကို ပြန်ရှင်သန်စေဖို့၊ ရေနဲ့ ဓာတ်အားလိုင်းဝန်ဆောင်မှု ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

အဆောက်အအုံတွေ၊ လျှပ်စစ်စနစ်တွေနဲ့ အရေးကြီးတဲ့ ပစ္စည်းကိရိယာတွေ လုယက် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆူဒန်ရဲ့ အကြီးဆုံး စိုက်ပျိုးရေးထောက်ပံ့သူလည်းဖြစ်တဲ့ CTC Group က ရိုက်တာသတင်းဌာနဆီ ကြေညာချက်တစောင် ပေးပို့ ပြောဆိုခဲ့ပါတယ်။

ဆူဒန်ငွေကြေးဟာ ပဋိပက္ခအတွင်း ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ပြီး အစိုးရက ဝန်ထမ်းတွေကို လစာပေးဖို့နဲ့ ဆေးဝါးတို့လို လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဖို့ ဝင်ငွေရရှိရေး ရုန်းကန်နေခဲ့ရပါတယ်။

ဆူဒန်ရဲ့ အရေးကြီးဆုံး စိုက်ပျိုးရေးကဏ္ဍက ယိုင်နဲ့နေပြီး ရွှေသတ္တုတွေဟာလည်း အခွန်တွေကို ရှောင်ကွင်း ခိုးထုတ်မှုတွေ တိုးပွားလာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013