DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း တာဝေးပစ်လက်နက်များ ကီလိုမီတာ ၃,၀၀၀ အထိရောက်နိုင်
DVB
·
October 24, 2025
ယူကရိန်း တာဝေးပစ်လက်နက်များ ကီလိုမီတာ ၃,၀၀၀ အထိရောက်နိုင်
Donate to DVB

ယူကရိန်းရဲ့ ပြည်တွင်းထုတ် တာဝေးပစ်လက်နက်တွေဟာ ကီလိုမီတာ ၃,၀၀၀ (မိုင် ၁,၉၀၀) အထိ ရောက်နိုင်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အောက်တိုဘာ ၂၃ ရက်မှာ ပြောပါတယ်။

သူပြောတဲ့လက်နက်ဟာ တာဝေးပစ် ဒုံးကျည်တွေကို ဆိုလိုတာလား ဆိုတာကိုတော့ အတိအကျ မပြောပါဘူး။

“ကျနော်တို့ဟာ ကီလိုမီတာ ၁၅၀ ကနေ ၃,၀၀၀ အထိ အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ ယူကရိန်းနိုင်ငံလုပ် တာဝေးပစ် လက်နက်တွေကို သုံးနေပါတယ်။ ဒါတွေက နိုင်ငံတော်ရဲ့ နောက်ဆုံးပေါ် စွမ်းရည်တွေပါ” လို့ ဇလန်းစကီးက ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ယူကရိန်းအစိုးရကို ကူညီဖို့ ရုရှားပိုင်ပြီး အနောက်နိုင်ငံတွေက ပိတ်ဆို့ထားတဲ့ ပိုင်ဆိုင်မှုတွေကို သုံးမယ့် အစီအစဉ်ကို ပိတ်ဆို့မယ်လို့ ဘယ်လ်ဂျီယံအစိုးရက ခြိမ်းခြောက်နေတာပါ။

ဒါပေမဲ့ လာမယ့် ၂ နှစ်အတွင်း ယူကရိန်းကို ငွေကြေးထောက်ပံ့ဖို့ မူအားဖြင့် သဘောတူကြဖို့ ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးတခုမှာ ဇလန်းစကီးရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

EU ထိပ်သီးအစည်းအဝေးကို ဧည့်သည်အဖြစ် လာတက်တဲ့ ဇလန်းစကီးက ယူကရိန်းနိုင်ငံဟာ လာမယ့်နှစ်အစမှာ ရုရှားက ပိတ်ဆို့ထားတဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ပုံငွေတွေကို လိုအပ်ပြီး ဒီကိစ္စနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲက ရိုးရှင်းလှတာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ရုရှားနဲ့လဲလှယ်မယ့် ကိစ္စတွေက လက်ခံနိုင်စရာ မရှိဘူးလို့လည်း သူက ပြောခဲ့ပြီး စစ်ပွဲကို အဆုံးသတ်ဖို့ အလားအလာရှိတဲ့ ဖြေရှင်းချက်တခုအတွက် ဘယ်ဆွေးနွေးပွဲမဆို မလုပ်မီ အပစ်အခတ် ရပ်စဲရေး ရှိသင့်တယ်လို့လည်း သူ့ရဲ့ရပ်တည်ချက်ကို ထပ်ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013