DVB Logo
Home
မြန်မာသတင်း
စစ်တပ် စစ်ကြောင်းထိုးသဖြင့် ကလေးမြို့ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးနေရ
DVB
·
October 24, 2025
စစ်တပ် စစ်ကြောင်းထိုးသဖြင့် ကလေးမြို့ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က သြဂုတ်လဆန်းပိုင်းကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ ၁၀,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

​ကလေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကလေးမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကလေး-တမူး လမ်းပေါ်မှာ ရန်သူဘက်က အင်အား ၁,၅၀၀ လောက်နဲ့ အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေတာ ၃ လနီးပါးလောက် ရှိနေပြီ။ အဲဒီလမ်းပေါ်မှာရှိတဲ့ ရွာတွေက ပြည်သူ ၁၀,၀၀၀ ကျော်ကလည်း ဘေးလွတ်တဲ့နေရာတွေကို ထွက်ပြေးနေကြရတာ ၃ လလောက် ကြာပြီပေါ့ဗျာ” လို့ ပြောပါတယ်။

အဆိုပါ စစ်တပ်စစ်ကြောင်းမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ အပါအဝင် လက်အောက်ခံတပ်ရင်းတွေ အပြင် ပြည်သူ့စစ်မှုထမ်းတွေ ပါဝင်ကြတယ်လို့လည်း ဆိုပါတယ်။

ကလေးမြို့နယ်အခြေစိုက် Winds Of Kalay ရဲ့ တာဝန်ရှိသူက “စစ်တပ်ရဲ့ တပ်မ ၇၇ လက်အောက်ခံ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေ အင်အားအလုံးအရင်းနဲ့ ကလေး-တမူး လမ်းပေါ်မှာ စစ်ကြောင်းထိုးပြီး အဲဒီလမ်းပေါ်က ယာဂျို၊ လက်ပန်ချောင်း၊ တင်ဦးကန်သာ၊ နန်းဆောင်းပုရွာတွေနဲ့ ပတ်ချာလည်က ရွာလေးတွေကို အခုလ ၂၀ ရက်လောက်မှာ စပြီးဝင်တယ်။ အဲဒီရှေ့မှာ စစ်ကြောင်းလာတဲ့ ရွာတွေလည်း အများကြီးရှိသေးတယ်။ အဲဒါကြောင့်လည်း ထွက်ပြေးရတဲ့ ရွာခံတွေ ၁၀,၀၀၀ ကျော်ဖြစ်တာ။ သူတို့စစ်ကြောင်း စပြီးဝင်တဲ့ သြဂုတ်လဆန်းပိုင်းကတည်းက ထွက်ပြေးကြရတဲ့ ပြည်သူတွေဆိုရင် ဒီအတိုင်းပဲ တောတောင်တွေထဲမှာ ဖြစ်သလို နေကြရတယ်။ သူတို့အတွက်က စားနပ်ရိက္ခာ၊ ယာယီအဆောက်အဦတွေနဲ့ ဆေးဝါးတွေကတော့ အရေးပေါ်လိုအပ်နေတာပေါ့” လို့ ပြောပါတယ်။

စစ်ကောာင်စီတပ်ဟာ သူတို့ စစ်ကြောင်းထိုး ဝင်ရောက်တဲ့ ကျေးရွာတွေက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာတွေ ရှိပေမဲ့ အောက်တိုဘာ ၂၃ ရက်အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေလို့ မီးလောင်ပျက်စီးတဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကလေးမြို့န​ယ်မြောက်ပိုင်းက သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူနိုင်ဖို့ အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်နိုင်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013