
အီးယူနဲ့ အီဂျစ်တို့ဟာ ယူရို ၄ ဘီလီယံတန် MOU စာချုပ်တခု လက်မှတ်ရေးထိုးခဲ့ပြီး ဒီစာချုပ်ဟာ အီးယူနဲ့ အီဂျစ်တို့ရဲ့ အကူအညီ၊ ကုန်သွယ်မှုနဲ့ ရွှေ့ပြောင်းအရေးတို့နဲ့ ပတ်သက်တဲ့ သဘောတူညီချက် အသစ်ပဲ ဖြစ်ပါတယ်။
ဒါဟာ ဒုတိယအကြိမ် ချေးငွေဖြစ်ပြီး အီဂျစ်အတွက် သက်သာတဲ့ အချက်အလက်တွေပါတဲ့ ချေးငွေဖြစ်ပါတယ်။ ဒီချေးငွေအစီအစဉ်ဟာ အီဂျစ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ပံ့ပိုးကူညီဖို့ ရည်ရွယ်ပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်းအရေး၊ ယူကရိန်းအရေးတို့ကိုလည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုဟာ အီးယူနဲ့ အီဂျစ်နိုင်ငံတို့အကြား ခေါင်းဆောင်တွေ ပထမဆုံးတွေ့ဆုံတဲ့ ထိပ်သီးအစည်းအဝေးပဲ ဖြစ်ပါတယ်။
အီးယူကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလေယန်က ဘဏ္ဍာငွေ ထောက်ပံ့ကူညီမှုနဲ့ အီဂျစ်မှာ ဥရောပရဲ့ AI နည်းပညာသုံး စက်ရုံတွေ ဖွင့်လှစ်မယ့်အကြောင်း၊ အီဂျစ်နိုင်ငံသားတွေကို လေ့ကျင့်ပေးမှုနဲ့ ဥရောပရဲ့ စူပါကွန်ပျူတာတွေ စမ်းသပ်ခွင့်ရှိမယ့်အကြောင်းတွေ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဗွန်ဒါလေယန်က ပါလက်စတိုင်း အလှူရှင်အဖွဲ့တခုရဲ့ အစီအစဉ်ကို ကြေညာခဲ့ပြီး ဂါဇာဒေသမှာ နိုင်ငံတကာက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ အတူလုပ်ဆောင်နိုင်ဖို့ ခေါ်ဆောင်မယ့်အကြောင်း၊ အီဂျစ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေရေးနဲ့ အစီအစဉ်တွေက ဂါဇာအတွက် အဓိကကျတဲ့အကြောင်း ပြောဆိုခဲ့ပါသေးတယ်။
အီးယူနဲ့ အီဂျစ် ပူးပေါင်းဆောင်ရွက်မှုမှာ ရွှေ့ပြောင်းအစီအစဉ်လည်း ပါဝင်ပြီး လာမယ့် ၂ နှစ်ကျော် ကာလမှာ အဖွဲ့အစည်းအတွက်နဲ့ လူကုန်ကူးမှုပပျောက်ရေး ဆန့်ကျင်မှုအတွက် ယူရိုသန်း ၂၀၀ အသုံးပြုဖို့လည်း ရှိပါတယ်။
Source: Reuters








