DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအဝေးမတက်ဟု မလေးရှားဝန်ကြီးချုပ် အတည်ပြု  
DVB
·
October 23, 2025
မြန်မာစစ်ခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအဝေးမတက်ဟု မလေးရှားဝန်ကြီးချုပ် အတည်ပြု  
Donate to DVB

မလေးရှားနိုင်ငံမှာ အခုသီတင်းပတ်ကုန် ကျင်းပဖို့ရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင် တက်ရောက်ဖို့ မရှိဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ် အန်ဝါက  အောက်တိုဘာ ၂၂ ရက်က ကွာလာလမ်ပူမြို့မှာ  ပြည်တွင်းပြည်ပ သတင်းသမားတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်တာလို့ Bernama  မလေးရှား သတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက် မှာ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခအကျပ်အတည်းအတွက် အာဆီယံအနေနဲ့   ဘုံသဘောတူညီချက် ၅ ရပ်ကို အခိုင်အမာ စွဲမြဲလိုက်နာဆောင်ရွက်သွားမယ်လို့ မလေးရှား ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားပါတယ်။

နိုင်ငံရေးအရ ကိုယ်စားပြုသူကိုတက်ခွင့်မပေးတဲ့ အာဆီယံမူအရ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာတော့ စစ်ခေါင်းဆောင်ကို တက်ခွင့်မပေးခဲ့ပေမဲ့ စစ်ကောင်စီက စေလွှတ်တဲ့ နိုင်ငံခြားရေးအဆင့်မြင့်အရာရှိတယောက်ကိုပဲ တက်ရောက်ခွင့်ပေးခဲ့ ပါတယ်။

အခုတကြိမ် ထိပ်သီးအစည်းအဝေးမှာ မလေးရှား  မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက  ထုတ်ပြန်ပြောထားပါတယ်။ 

မလေးရှားမြို့တော် ကွာလာလမ်ပူမြို့မှာ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမယ့် ၃ ရက်ကြာ အစည်းအဝေးကို ပူးပေါင်းပါဝင်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပမှာပါ။

အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ကနေဒါဝန်ကြီးချုပ် မက်ခ် ကာနေး၊ ဘရာဇီး သမ္မတ၊ တောင်အာဖရိကသမ္မတ၊ ဆိုက်ပရပ်စ် သမ္မတနဲ့ ဖင်လန်ဝန်ကြီးချုပ် စတဲ့ ကမ္ဘ့ာနိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ ဖော်ပြထားပါတယ်။

ဒေသတွင်းနိုင်ငံတွေအနေနဲ့ လက်ရှိအချိန်အထိ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မယ်ဆိုတာ အတည်မပြုနိုင်သေးပေမဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို၊ တီမောနိုင်ငံတွေက သမ္မတတွေနဲ့ ဝန်ကြီးချုပ်တွေ တက်ရောက်မယ်လို့ အတည်ပြုထားကြပါတယ်။ 

ရုရှားသမ္မတ ပူတင်ကတော့ တက်ရောက်မှာမဟုတ်ဘဲ သူ့ကိုယ်စား လက်ထောက်ဝန်ကြီးချုပ် အလက်ဇန္ဒြားနိုဗက်ခ် တက်ရောက်မယ်လို့ မလေးရှာ ဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်တက်မယ်ဆိုပြီး စစ်အုပ်စုက မလေးရှားသတင်းကို ကိုးကားပြီး သတင်းဖြန့်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ နာမည်ကို New Straits Time  မလေးသတင်းဌာနက ပြန်ဖြုတ်သွားခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013