DVB Logo
Home
မြန်မာသတင်း
တာ့ခ်ခရိုင်တွင် တရားမဝင်မြန်မာလုပ်သား ၃၁ ဦး ဖမ်းဆီးခံရ 
DVB
·
October 23, 2025
တာ့ခ်ခရိုင်တွင် တရားမဝင်မြန်မာလုပ်သား ၃၁ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ အောက်တိုဘာ ၂၂ ရက်က မြဝတီခရိုင်ဘက်ကနေ ကျားဖြန့်ဂိုဏ်းသား အမြောက်အမြားထွက်ပြေးလာကြသလို အလုပ်လုပ်ဖို့အတွက် တရားမဝင် ဝင်ရောက်လာသူတွေလည်း ဖမ်းဆီးရမိတယ်လို့ North Now ထိုင်းမြောက်ပိုင်းသတင်းမှာ  ဖော်ပြပါတယ်။ 

မယ်လမတ်မြို့နယ် နမ့်တိပ်ဘွမ်ဝမ်ကျေးရွာအနီး တောထဲမှာ သင်္ကာမကင်းဖြစ်စရာ လူတစုရောက်ရှိ နေကြောင်း သတင်းရတာကြောင့် မယ်လမတ်မြို့နယ်ဦးစီးမှူး၊ လဝကရဲ နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ  အောက်တိုဘာ ၂၂ ရက် ည ၉ နာရီလောက်က အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့ကြတယ်။ 

သတင်းပေးပို့ချက်အတိုင်း အဆိုပါတောထဲမှာ အရွယ်ကောင်းလူငယ် အမျိုးသား ၂၃ ယောက်၊ အမျိုးသမီး ၈ ယောက် ပေါင်း ၃၁ ယောက်ကို တွေ့ရှိတယ်။ ဘာသာပြန်နဲ့ စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မြန်မာပြည် ပဲခူးဒေသကနေ မြဝတီမြို့မှာ ၉ ရက်လာစောင့်တယ် ၊ အဲဒီနောက် လမ်းပြက  သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ပြီးခေါ်လာတယ်။

ဒီဘက်ကမ်းရောက်တော့ ပြောင်းဖူးခင်း၊ ကြံစိုက်ခင်းတွေ ထပ်ဖြတ်ပြီး  အဲဒီတောထဲကို ရောက်လာတယ်။ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့အတွက် မြန်မာပွဲစားကို တဦးလျှင် ဘတ် ၂၅,၀၀၀ ပေးခဲ့ရတယ်၊ အဲဒီထဲမှာ တနှစ်ခံ အလုပ်သမားကတ်လုပ်ပေးမယ်ဆိုပြီး ပြောလို့ ယုံပြီးပေးခဲ့ကြတယ်၊ အဲဒီနေရာ ရောက်တော့ လမ်းပြက ထွက်သွားပြီး ပြန်မလာတော့ဘူး၊ သူတို့လည်း အဖမ်းခံကြရတာပဲလို့  ပြောသွားပါတယ်။ 

တာဝန်ရှိသူတွေက သူတို့အာားလုံးကို လဝကဥပဒေနဲ့ အရေးယူဖို့  မယ်လမတ်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့  ဆိုပါတယ်။ 

မြန်မာဘက်ခြမ်း မြဝတီခရိုင်ရှိ  KK Park က ကျားဖြန့်ငွေလိမ်ရာဇဝတ်ဂိုဏ်းကို  စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတဲ့အတွက် အောက်တိုဘာ ၂၂ ရက်က ကျားဖြန့်ဂိုဏ်းသားတွေလည်း ရာနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ 

Source -  North Now News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013