
ရုရှားနိုင်ငံဟာ နိုင်ငံတဝန်း အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ စစ်ဘက်ဆိုင်ရာ အရန်တပ်တွေကို ခေါ်ယူမယ်လို့ ရုရှားစစ်မှုထမ်းရုံး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမြာ စိမ်လျံစကီးက အောက်တိုဘာ ၂၂ ရက်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဥပဒေပြဋ္ဌာန်းချက်အရ သူတို့ဒေသမှာရှိတဲ့ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ရေနံချက်စက်ရုံတွေနဲ့ တခြားအခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ အထူးလေ့ကျင့်ရေးစခန်းတွေဆီ စေလွှတ်နိုင်ခြေအတွက် ပေးဆောင်နိုင်တဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းဖော်ပြထားတယ်လို့ စိမ်လျံစကီးက ပြောပါတယ်။
အရန်တပ်တွေကို တက်ကြွတဲ့ စစ်မှုထမ်းတွေ (စာချုပ်နဲ့ တာဝန်ထမ်းတဲ့ စစ်သားတွေ) နဲ့ မရောယှက်မိဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။
အရန်တပ်တွေကို သူတို့နေထိုင်ရာ ဒေသတွေမှာသာ ဖြန့်ထားမှာဖြစ်ပြီး အထူးစစ်ရေး စစ်ဆင်ရေးဇုန်မှာ တာဝန်ချမှာ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ သူ့လုပ်ရပ်ကို စစ်ပွဲလို့ မသုံးနှုန်းဘဲ အထူးစစ်ဆင်ရေးလို့ သုံးနှုန်း ခေါ်ဝေါ် ထားပါတယ်။
Source: Reuters










