DVB Logo
Home
နိုင်ငံတကာ
အစ္စရေးနှင့် ဂရိတို့ ကာကွယ်ရေး ပို့ကုန်သဘောတူညီချက် လက်မှတ်ထိုး
DVB
·
September 1, 2026
Photo: Israel Defence Ministry/Handout via REUTERS
Photo: Israel Defence Ministry/Handout via REUTERS
Donate to DVB

အစ္စရေးနဲ့ ဂရိ အစိုးရတွေဟာ သြဂုတ် ၃၁ ရက်မှာ ယူရို ၃ ဘီလီယံ (ဒေါ်လာ ၃ ဘီလီယံခွဲ) တန်ဖိုးရှိတဲ့ ကာကွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သဘောတူညီချက်အရ ဂရိအစိုးရက စစ်ရေးခေတ်မီအောင် ပိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေး အစီအစဉ်နဲ့ ရှေ့ဆက်လုပ်ဆောင်နေချိန်မှာ အစ္စရေးက ဂရိအတွက် အလွှာပေါင်းစုံ လေကြောင်း ကာကွယ်ရေးစနစ်တခု တည်ဆောက်ပေးမှာပါ။ 

ဒါဟာ အစ္စရေးရဲ့ ဂရိနဲ့ ချုပ်ဆိုတဲ့ အကြီးမားဆုံး ကာကွယ်ရေး ပို့ကုန်သဘောတူညီချက်ဖြစ်ပြီး နိုင်ငံသမိုင်းမှာလည်း အကြီးမားဆုံး သဘောတူညီချက်တခုဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီသဘောတူညီချက်ထဲမှာ အစ္စရေးက ရာဖယ်လ် အဆင့်မြင့် ကာကွယ်ရေးစနစ်က ထုတ်တဲ့ David's Sling နဲ့ SPYDER စနစ်တွေ၊ အစ္စရေး လေကြောင်းနဲ့ အာကာသလုပ်ငန်းကနေ ထုတ်လုပ်တဲ့ ဘားရက်ခ် MX စနစ်တွေအပြင် IAI ယူနစ် ELTA Systems ကနေထုတ်လုပ်တဲ့ လေကြောင်း စောင့်ကြည့်ရေးအတွက် MMR ဘက်စုံသုံး ရေဒါတွေကို ဂရိနိုင်ငံဆီ ထောက်ပံ့ပေးတာတွေ ပါဝင်မယ်လို့ အစ္စရေးက ပြောပါတယ်။ 

Achilles Shield လို့ခေါ်တဲ့ သဘောတူညီချက်ဟာ အစ္စရေးရဲ့ နည်းပညာဆိုင်ရာ အားသာချက်နဲ့ စစ်မြေပြင်ကာကွယ်ရေးစနစ်တွေရဲ့ သက်သေပြထားတဲ့ လုပ်ဆောင် ချက်မှတ်တမ်းကို ထင်ဟပ် စေတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အမီယာဘာရမ်က ပြောပါတယ်။ 

အခုနှစ် အီရန်နဲ့ စစ်ပွဲအတွင်း အီရန်ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချဖို့ အစ္စရေးက David's Sling ကို သုံးခဲ့တာပါ။ ဂရိနိုင်ငံဟာ ဖင်လန်နိုင်ငံပြီးရင် ဒီစနစ်အတွက် ဒုတိယဖောက်သည် ဖြစ်လာပါတယ်။

ဂရိအစိုးရဟာ Achilles Shield အလွှာပေါင်းစုံ ဒုံးကျည်ကာကွယ်ရေး၊ လေယာဉ်ပစ်ဒုံးကျည် ကာကွယ်ရေးနဲ့ ဒရုန်းကာကွယ်ရေးစနစ်တွေကို တည်ဆောက်ဖို့ ၂၀၃၆ ခုနှစ်မှာ ယူရို ၂၈ ဘီလီယံ လောက်သုံးဖို့ စီစဉ်ထားပြီး အမေရိကန်ဆီက F-35 တိုက်လေယာဉ် အစင်း ၄၀၊ ပြင်သစ်နဲ့ အီတလီက ဖရီးဂိတ်စစ်သင်္ဘောတွေကိုလည်း ဝယ်ဖို့ စီစဉ်ထားပါတယ်။ 

တနင်္လာနေ့ သဘောတူညီချက်အရ ဂရိနိုင်ငံဟာ လေကြောင်းကာကွယ်ရေး စွမ်းရည်တွေကို ပေါင်းစပ်ဖို့ Rafael က တီထွင်ထားတဲ့ အမျိုးသားကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးစနစ်အသစ်ကိုလည်း ရမှာပါ။

ယူရို ၂၆ သန်းတန် နောက်ဆက်တွဲသဘောတူညီချက်မှာ အစ္စရေးက ဂရိနိုင်ငံရဲ့ မဟာဗျူဟာ ကျတဲ့ နေရာတွေကို ဒရုန်း တွေရဲ့ ရန်ကနေ ကာကွယ်ဖို့နဲ့ လက်ရှိကာကွယ်ရေးတွေကို အားဖြည့်ဖို့ Rafael ရဲ့ Drone Dome စနစ်တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013