DVB Logo
Home
မြန်မာသတင်း
မြစ်ငယ်အထက်တန်းကျောင်း၌ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဆေးရုံတင်ထားရ
DVB
·
October 23, 2025
မြစ်ငယ်အထက်တန်းကျောင်း၌ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဆေးရုံတင်ထားရ
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ အထက်တန်းကျောင်းမှာ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲက အရပ်သားတယောက်က Grade 11 ကျောင်းသား ကျောင်းသူ ၃ ယောက်ကို ဓားနဲ့ထိုးသွားလို့ ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ နေ့လယ် ၁၂ နာရီခွဲက အရပ်သားလူငယ်တယောက်က ညီမဖြစ်သူကို အအေးဘူး ပေးမယ်ဆိုပြီး Grade 11 ဘီ ခန်းအတွင်း ဝင်ကာ ကျောင်းသူတယောက်ကို လည်ပင်းညှစ် ဓားနဲ့ထိုးပြီး ဝင်ဆွဲတဲ့ ကျောင်းသားတယောက်နဲ့ ကျောင်းသူတယောက်ပါ ဓားနဲ့ထိုးခံရတာလို့ မြို့ခံတယောက်က  ပြောပါတယ်။

“မုန့်စားဆင်းချိန် Grade 11 ဘီ ခန်းမှာ ဖြစ်သွားတာ။ အဲဒီကောင်လေးက သူ့ညီမကို မုန့်ပေးမယ် ဆိုပြီး ဝင်လာတာ။ အခန်းထဲရောက်တော့ ကျောင်းသူလေးကို လည်ပင်းကိုညှစ်ပြီး ဓားနဲ့ထိုးတာ။ ဘေးက သူငယ်ချင်းတွေက ဝင်ဆွဲတယ်၊ ဝင်ဆွဲတဲ့ သူငယ်ချင်း ၂ ယောက်ကိုလည်း ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတယ်။ ၃ ယောက်စလုံး ဆေးရုံမှာ။”

ဓားနဲ့ထိုးခံရသူတွေဟာ Grade 11 ဘီ ဝိဇ္ဇာတွဲအခန်းမှ မစုမြတ်နိုးဦး၊ မရွှေစင်ငြိမ်းနဲ့ မောင်ဝင်းထွန်းမျိုး တို့ဖြစ်ပြီး မန္တလေးဆေးရုံကြီးကို ဆေးကုသဖို့ ပို့ဆောင်ထားရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဓားနဲ့ထိုးတဲ့ အကြောင်းအရင်းကို မသိရသေးပေမဲ့ အပြင်လူကို ကျောင်းဝင်းထဲကို ဝင်ခွင့်ပြုတဲ့ ဆရာ၊ ဆရာမတွေမှာပဲ တာဝန်ရှိတယ်။ သူ့ညီမကို ခေါ်ပေးပြီး ကျောင်းအပေါက်ဝမှာ မုန့်နဲ့ အအေး ပေးလို့မရဘူးလား။ ဓားနဲ့ထိုးခံရတဲ့ ၃ ယောက်ထဲမှာ လည်ပင်းကို ဓားနဲ့ထိုးခံရတဲ့ ကလေးမက စိုးရိမ်ရတယ်။ ကျန်တဲ့နှစ်ယောက်က ဝင်ဆွဲတော့ လက်တွေပဲရှပ်ထိတာ။”

လတ်တလောမှာ ကျောင်းသား၊ ကျောင်းသူ ၃ ယောက်ကို မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပြီး ဓားနဲ့ထိုးခဲ့တဲ့ ဝိုင်းဝိုင်း ဆိုသူ လူငယ်ကို ရဲတွေက ဖမ်းမမိသေးဘူးလို့ သူက ပြောပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ဧရာဝတီနဲ့ မွန်န်ပြည်နယ်က စာသင်ကျောင်းတွေမှာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနဲ့ ရန်ဖြစ်တာတွေကြောင့် ကျောင်းသား ၂ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013