DVB Logo
Home
မြန်မာသတင်း
ဒေါ်သူဇာမောင် မိသားစု အဖမ်းခံရသည့်ကိစ္စ ပြန်စစ်ဆေးရန် မလေးရှားကို HRW တောင်းဆို
DVB
·
October 22, 2025
ဒေါ်သူဇာမောင် မိသားစု အဖမ်းခံရသည့်ကိစ္စ ပြန်စစ်ဆေးရန် မလေးရှားကို HRW တောင်းဆို
Donate to DVB

မလေးရှားနိုင်ငံမှာ ၂၀၂၃ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီးနောက် ပျောက်ဆုံးသွားပြီး  သိပ်မကြာခင်ကမှ စစ်တပ်က မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးအရေးယူထားတယ်လို့ ထုတ်ပြန်ခဲ့တဲ့ ဒေါ်သူဇာမောင် မိသားစု အဓမ္မ ဖမ်းဆီးခံရမှုကို ပြန်စစ်ဆေးဖို့ မလေးရှားအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က အောက်တိုဘာ ၂၂ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

မလေးရှားအာဏာပိုင်တွေ အနေနဲ့ ဒေါ်သူဇာမောင် မိသားစုကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို ဖိအားပေးသင့်ပြီး သူတို့မိသားစု မြန်မာနိုင်ငံကို ဘယ်လိုရောက်သွားတယ်ဆိုတာ စုံစမ်းစစ်ဆေးသင့်တယ်လို့ HRW ရဲ့ အာရှဒါရိုက်တာ အယ်လိန် ပီယာဆန်က ပြောပါတယ်။

ဒါ့အပြင် မလေးရှားအစိုးရက အန္တရာယ်ရှိနေတဲ့ ဒုက္ခသည်တွေကို ကာကွယ်ဖို့ ပျက်ကွက်နေတယ်လို့လည်း သူက ဝေဖန်ပါတယ်။

ဒေါ်သူဇာမောင်ဟာ မြန်မာမွတ်စလင်ဒုက္ခသည်အသိုက်အဝန်း (Myanmar Muslim Refugee Community) နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကော်မတီ (Myanmar Migrant Workers Committee) တို့မှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

မလေးရှားနိုင်ငံရှိ မြန်မာအသိုက်အဝန်းမှာ ဒေါ်သူဇာမောင်ကို ငွေကြေးနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေလည်း ရှိခဲ့ပါတယ်။ 

ဒေါ်သူဇာမောင်နဲ့ သူ့ရဲ့မိသားစုဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ၂၀၂၃ ခုနှစ် ဇူလိုင် ၄ ရက်က ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးသွားသူတွေဟာ မလေးရှားရဲတပ်ဖွဲ့ ကားနံပါတ်အတုကို တပ်ဆင်ပြီး ဖမ်းသွားတာပါ။

အဲဒီနောက် ပျောက်ဆုံးနေတဲ့ သူတို့မိသားစုကို ဖမ်းဆီးထားတယ်လို့ အာဏာသိမ်းစစ်တပ်က ၂၀၂၅ အောက်တိုဘာ ၁၈ ရက်ကမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့မိသားစုကို မြစ်သားမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ ၂၀၂၃ ခုနှစ်ကတည်းက အမှုဖွင့်ထားပြီး မြစ်သားမြို့နယ်တရားရုံးမှာလည်း ပုဒ်မ ၅၂(က) နဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ တို့နဲ့ တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013