DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ သောင်ကြီးရဲစခန်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
DVB
·
October 22, 2025
လှိုင်သာယာ သောင်ကြီးရဲစခန်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ သောင်ကြီးရဲစခန်းကို အောက်တိုဘာ ၂၁ ရက် ည ၉ နာရီ ၄၈ မိနစ်မှာ  လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိပြီး အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

Operation Flame အဖွဲ့ တာဝန်ရှိသူက “သောင်ကြီးရဲစခန်းကို ည ၉ နာရီ ၄၈ မိနစ်ဝန်းကျင်မှာ လက်ပစ်ဗုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းဝင်းဂိတ်ကင်းနား ကျရောက်ပေါက်ကွဲပြီး ရန်သူထိခိုက်မှု ရှိနိုင်ပါတယ်။ ရဲစခန်းထဲကို ဆေးရုံကားတွေ ဝင်သွားတယ်လို့ မြေပြင်သတင်း ရရှိပါတယ်။ အသေးစိတ်ကိုတော့ အတည်ပြု စုံစမ်းနေဆဲပါ” လို့ DVB ကို ပြောပါတယ်။

တိုက်ခိုက်မှုကို Operation Flame အဖွဲ့နဲ့အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Operation Flame အဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်ဖော်ဆောင်မဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝ လက်ခံမှာမဟုတ်ဘဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်အားလုံးနဲ့ အတူလက်တွဲပြီး စစ်ကောင်စီတပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013