DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင်မြန်မာများတင်လာသောကား စစ်ဆေးရေးရှောင်စဉ် ဓာတ်တိုင်ဝင်တိုက် 
DVB
·
October 22, 2025
ကန်ကျနပူရီတွင် တရားမဝင်မြန်မာများတင်လာသောကား စစ်ဆေးရေးရှောင်စဉ် ဓာတ်တိုင်ဝင်တိုက် 
1 / 2
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင်မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ ကားတစီး စစ်ဆေးရေးဂိတ်ကိုတိမ်းရှောင်ထွက်ပြေးစဉ် လမ်းဘေးဓာတ်မီးတိုင်ကို ဝင်တိုက်ခဲ့ တယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ကန်ကျနပူရီခရိုင် ဆိုင်းယို့မြို့နယ်က အဝေးပြေးလမ်းလုံခြုံရေးရဲတပ်ဖွဲ့ နဲ့ နယ်မြေခံရဲတပ်ဖွဲ့ပူးပေါင်းတာဝန်ရှိသူတွေဟာ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲလောက်က ဆိုင်းယို့မြို့နယ် အမှတ် ၃၂ အဝေးပြေးလမ်းမကြီး ပေါ်တာဝန်ထမ်း‌ဆောင်စဉ် အနက်ရောင် တိုယိုတာဖော်ကျူနာကားတစီး မောင်းဝင်လာခဲ့တယ်၊ အဆိုပါကားဟာ နံပါတ်ပြားတပ်မ ထားတဲ့အပြင် တန်ချိန်ပိုတင်ဆောင်လာဟန်ရှိတာကြောင့် စစ်ဆေးဖို့ တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ အဲဒီ ကားက ရပ်မပေးတဲ့အပြင် အရှိန်မြှင့်ပြီး မောင်းထွက်သွားတယ်၊ တာဝန်ရှိသူတွေက ကား နဲ့ အနောက်ကလိုက်ဖမ်းသလို ရှေ့ကစစ်ဆေးရေးဂိတ်တွေကိုလည်း သတင်းလှမ်းပို့တယ်၊   ကီလိုမီတာ ၃၀ အကွာ လိုက်လံဖမ်းဆီးရာမှာ ကန်ကျနပူရီမြို့နယ် နောင်ဘိုရပ်ကွက် ဘန့်ဖုပရဒူရွာနားရောက်တော့ အဲဒီကားဟာ ရွာလမ်းဘက်ကို ချိုးကွေ့လိုက်စဉ် အရှိန်နဲ့ လမ်းဘေး ဓာတ်မီးတိုင်ဝင်တိုက်ပြီး ပျက်စီးသွားပါတယ်။ 

တာဝန်ရှိသူတွေက ယာဉ်တိုက်မှုဖြစ်တဲ့ကားကို စစ်ဆေးရာမှာ ယာဉ်မောင်းသမားက ထွက်ပြေးသွားပြီး ကားပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၅ ယောက် (ကျား ၇၊ မ ၈) နဲ့ လာအိုအမျိုးသမီး တယောက်တို့ကို ဖမ်းဆီးရမိတယ်။ သူတို့ဟာ ထိုင်းနိုင်ငံအတွင်းပိုင်းကိုသွားပြီး အလုပ်လုပ်ဖို့ ပွဲစားကို တဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၂၅,၀၀၀ ထိ ပေးခဲ့ရတယ်လို့  ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို လဝကမှုနဲ့ အ‌ရေးယူသွားမှာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ကားသမားကိုလည်း အရေးယူဖို့  လိုက်လံစုံစမ်းနေတယ်လို့ ဆိုပါတယ်။ 

Source -  Kanchanaburi New / JoCho News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013