DVB Logo
Home
နိုင်ငံတကာ
သေဒဏ်ကျခံရသည့် ဗြိတိန်အကျဉ်းသားများကို အင်ဒိုနီးရှား ပြန်ပို့
DVB
·
October 22, 2025
သေဒဏ်ကျခံရသည့် ဗြိတိန်အကျဉ်းသားများကို အင်ဒိုနီးရှား ပြန်ပို့
Donate to DVB

မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ပြစ်မှုတွေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်ကျခံနေရတဲ့ အသက် ၆၉ နှစ်အရွယ် ဗြိတိန်အမျိုးသမီး တယောက်ကို နေရပ်ပြန်ပို့ဖို့ အင်ဒိုနီးရှားနဲ့ ဗြိတိန်တို့ အောက်တိုဘာ ၂၁ ရက်မှာ သဘော တူခဲ့တယ်လို့ အင်ဒိုနီးရှားဝန်ကြီး တယောက်က ပြောပါတယ်။

လင်ဆေးစန်ဒီဖို့ဒ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ဥပဒေတချို့ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဆီ အမေရိကန်ဒေါ်လာ ၂ သန်းကျော်တန်ဖိုးရှိတဲ့ ကိုကင်းတွေကို မှောင်ခိုကူးမှုနဲ့ ၂၀၁၃ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

စန်ဒီဖို့ဒ်ဟာ ဘန်ကောက်ကနေလာတဲ့ လေယာဉ်ပေါ်မှာ သူ့ ခရီးဆောင်အိတ်ထဲမှာ ဝှက်ထားသော မူးယစ်ဆေးဝါး ၄ ဒသမ ၈ ကီလိုဂရမ်ကို မှောင်ခိုကူးမှုနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ် ခံခဲ့ရပါတယ်။

သူဟာ အသက် ၆၉ နှစ်ဖြစ်တာကို သူမရဲ့ မွေးသက္ကရာဇ်ကို ဖော်ပြထားတဲ့ အင်ဒိုနီးရှားတရားရုံးရဲ့ စာရွက်စာတမ်း တခု အရ သိရပါတယ်။

အင်ဒိုနီးရှား ဥပဒေရေးရာအကြီးတန်းဝန်ကြီး ယူဆရေး အီဇာ မဟင်ဒြာက လူသားချင်း စာနာ ထောက်ထားမှု အကြောင်းပြချက်နဲ့ စန်ဒီဖို့ဒ်ကို လွှတ်ပေးဖို့ နှစ်နိုင်ငံ သဘောတူခဲ့တယ်လို့ ပြောပါတယ်။ 

“လင်ဆေးက အသက်ကြီးပြီး နေမကောင်းဖြစ်နေပါတယ်။ ထောင်ထဲမှာ သူ့က အကျင့်စာရိတ္တ ကောင်းခဲ့လို့ အိမ်ပြန်ဖို့နဲ့ ပြစ်ဒဏ်ကို ဗြိတိန်နိုင်ငံထဲမှာ ပြီးအောင်ထမ်းဆောင်ဖို့ဟာ ဗြိတိန်အစိုးရရဲ့ တောင်းဆိုမှုကို ကျေနပ် စေဖို့ လုံလောက်တဲ့ အကြောင်းပြချက်ပါပဲ” လို့ သူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ထောင်ဒဏ် တသက်တကျွန်းကျခံရတဲ့ ဗြိတိန်နိုင်ငံသား တယောက်လည်း သူနဲ့အတူ ပြန်လွတ်လာ တယ်လို့ ယူဆရေးက ပြောပါတယ်။ 

စန်ဒီဖို့ဒ်ဟာ လာမယ့် ၂ ပတ်အတွင်း အိမ်ကို ပြန်လာနိုင်တယ်လို့ ယူဆရေးက ပြောပါတယ်။

ရိုက်တာသတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ဗြိတိန်နိုင်ငံခြားရေးရုံးက ချက်ချင်း မတုံ့ပြန်ပါဘူး။ စန်ဒီဖို့ဒ်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေကို ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။

Source:Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013